ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရန်ကုန် တက္ကသိုလ်က အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာ စီမံ ခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို ဖေဖော်ဝါရီ ၅ ရက်တွင် ချီးမြှင့်အပ်နှင်းခဲ့ပါသည်။
ထိုသို့နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ သည့် ထူးကဲသောဂုဏ်ဒြပ်များကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တက္ကသိုလ်က ယခုကဲ့သို့ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A honoris causa)ကိုချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်ပြီး ထိုသို့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်အပ်နှင်းခံရခြင်းအပေါ် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် အနေဖြင့် အထူးဂုဏ်ယူ ဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
နိုင်ငံတော်ဖွံ့ဖြိုး စည်ပင်သာယာဝပြောရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွား ဘဝများ တိုးတက်ခိုင်မာအောင် ဆက်လက်ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်
