မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း(MCITP)က အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက် နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈

Sunday, February 8, 2026 - 17:00

              ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ကဏ္ဍအသီးသီးတွင် ဘက်စုံကဏ္ဍစုံမှ ထူးခြားပြောင်မြောက်စွာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး စွမ်းဆောင်နိုင်ခဲ့ခြင်း၊ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများ အကြားမှ မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကိုကာကွယ်ပြီး သံတမန်ဆက်ဆံရေး နည်းလမ်း များကို ဖော်ဆောင်နိုင်ခဲ့ခြင်း၊ မြန်မာ့နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ဆောင်ရွက် ချက်သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့် စိန်ခေါ်မှုများအကြားမှ ပြည်သူများအထူးလိုလား တောင့်တမျှော်လင့်လျက်ရှိသည့် လွတ်လပ်ပြီးတရားမျှတသော  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုလည်း အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ခဲ့ခြင်းတို့အတွက်  ရန်ကုန်တက္ကသိုလ်က ဖေဖော်ဝါရီ ၅ ရက်တွင် အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa)ကို ချီးမြှင့်အပ်နှင်းခံရခြင်းအပေါ် မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း(MCITP) အနေဖြင့် အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

             

 

မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း(MCITP)