ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရန်ကုန် တက္ကသိုလ်က ဖေဖော်ဝါရီ ၅ ရက်တွင် အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် ဂုဏ်ထူး ဆောင်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa)ကို ချီးမြှင့်အပ်နှင်းခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် မြန်မာ နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှု အခက်အခဲများ၊ နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဉ်တိုင်းတွင် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဖိအားပေးမှုများ၊ စီးပွားရေးပိတ်ဆို့မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်း များ၊ နိုင်ငံတကာအသိုက်အဝန်းများနှင့် လိုက်လျောညီထွေရှိနိုင်မည့် ပြုပြင်ပြောင်းလဲမှု များ စသည့်စိန်ခေါ်မှုများစွာကို အခက်အခဲအကြပ်အတည်းများကြားမှ နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျစီမံခန့်ခွဲဖြေရှင်းနိုင်ခဲ့သကဲ့သို့ ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက် ခဲ့သည့် ထူးကဲသောဂုဏ်ဒြပ်များကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တက္ကသိုလ်က ယခု ကဲ့သို့ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A honoris causa)ကိုချီးမြှင့်အပ်နှင်းခဲ့ခြင်း အပေါ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာ အပ်ပါသည်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသားများ၏လူမှုစီးပွားဘဝ တိုးတက် မြင့်မားရေးအတွက် ပြည်သူ့အကျိုးကို ဆတက်ထမ်းပိုးထမ်းရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
နာယက၊ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)
