၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်ရန် အနုပညာရှင် များနှင့် အထောက်အကူပြုအဖွဲ့ များ အထူးရထားဖြင် နေပြည်တော်သို့ ရောက်ရှိ နေပြည်တော် ဖေဖော်ဝါရီ ၇

Saturday, February 7, 2026 - 17:15

နေပြည်တော်၌ ကျင်းပသည့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တင်ရောက်မည့် အနုပညာရှင်များနှင့် အထောက်အကူပြုအဖွဲ့  စုစုပေါင်း ၁၆၇ ဦးသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၏ စီစဉ်ပေးမှုဖြင့် ရန်ကုန်မြို့ မှ ယနေ့နံနက် ၆ နာရီခွဲတွင် အထူးရထားဖြင့် ထွက်ခွါလာပြီး နေပြည်တော်သို့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် ရောက်ရှိရာ နေပြည်တော်ဘူတာကြီး၌ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ ကြကြောင်း သိရသည်။