ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်း ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊   ၂  / ၂၀၂၆ ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း    ၁၂   ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ   ၂၉   ရက် )

Thursday, January 29, 2026 - 15:15

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်း

ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊   ၂  / ၂၀၂၆

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း    ၁၂   ရက်

( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ   ၂၉   ရက် )

၁။           အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က ဥပဒေကဲ့သို့အာဏာတည်သောအမိန့် (၁/၂၀၂၆) ဖြင့် အရေးပေါ်အခြေအနေဆက်လက်တည်ရှိကြောင်း ကြေညာထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ မြို့နယ်များတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်၍ လုပ်ပိုင်ခွင့်နှင့်တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဆက်လက်အပ်နှင်းလိုက်သည်။

၂။            တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက် စေခြင်းပြုနိုင်သည်။

           

 

 

(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ယာယီသမ္မတ