နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ်

Sunday, March 22, 2020 - 06:30

နေပြည်တော်၊ မတ် - ၂၂

ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက် လုပ်ရပ်များဆောင်ရွက်နေသည့်အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ စည်းကမ်းဖောက်ဖျက်မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ တပ်မတော်၏ Coronavirus Disease 2019 (COVID-19)ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက် ၍ တပ်မတော်သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ၊ အတွင်းရေးမှူး  ဗိုလ်မှူးချုပ် ဇော်မင်းထွန်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင် သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ စုစုပေါင်း သတင်းဌာန ၂၃ ခုမှ သတင်းထောက် ၃၂ ဦး တက်ရောက်ကြပြီး သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိ သူများက စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။

သတင်းစာရှင်းလင်းပွဲ ကျင်းပရာတွင် ဗိုလ်ချုပ် စိုးနိုင်ဦးက ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၁၉ ရက်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ စည်းကမ်းဖောက်ဖျက်မှုများ၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာနှင့် အနီး တစ်ဝိုက်တို့၌ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၁၆ ရက်အထိ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ငွေကျပ် ၃၁၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိမှု၊ ဖမ်းဆီးရမိသူများနှင့် ထွက်ပြေးတိမ်းရှောင်နေသူများအား တရားဥပဒေအရ ဆောင်ရွက်နေမှု၊ တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့်အခြေနေများ၊ ၂၀၂၀ ပြည့်နှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗိုလ်ချုပ် ထွန်းထွန်းညီက AA အကြမ်းဖက်သောင်းကျန်းသူများ ရက်ပေါင်း ၄၀ ကျော်ကြာ ဝိုင်းပတ်ပိတ်ဆို့ထားသည့် မီးဝစခန်းအား စစ်ကူပေးနိုင်ရေး တပ်မတော်စစ်ကြောင်းများက ထိုးဖောက်တိုက်ခိုက်ခြင်းများဆောင်ရွက်ရာတွင် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်အခြေအနေများ၊ AA အကြမ်းဖက်သောင်းကျန်းသူများ ရခိုင်ပြည်နယ်အတွင်း ၂၀၁၅ ခုနှစ်မှစ၍ ဝင်ရောက် လာခဲ့မူနှင့် ယနေ့ထိ တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့မှု၊ မိုင်းထောင် ဖောက်ခွဲခဲ့မူများ၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဘူးသီး တောင်မြို့နယ်ရှိ ရဲကင်းစခန်း ၄ ခုအား AA အကြမ်းဖက်သောင်းကျန်းသူများက အင်အား အလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့မှု၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ အတွင်း မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်၊ အိမ်ထောင်သည်လိုင်းခန်းများနှင့် ပေါင်းတုတ်ကျေးရွာအနီးရှိ နယ်မြေခံတပ်ရင်းဌာနချုပ်အား AA အကြမ်းဖက် သောင်းကျန်းသူများက ကျေးရွာများအတွင်းမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် နှောင့်ယှက်တိုက်ခိုက်ခဲ့မှု၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း AA/ ARSA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့မှ ညောင်ချောင်းနယ်မြေရဲစခန်းအား အင်အားအလုံး အရင်းဖြင့် နှောင့်ယှက် ပစ်ခတ်ခဲ့မှု၊ ဇူလိုင်လနှင့် သြဂုတ်လအတွင်း AA အဖွဲ့ဝင်များနှင့် ဆက်စပ်လျက်ရှိသည့် မူးယစ်ဆေးဝါးများနှင့် လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့မှု၊ ယင်းနောက် ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း AA/ TNLA/ MNDAA  အကြမ်း ဖက်သောင်းကျန်းသူများက ပြင်ဦးလွင်မြို့နယ်၊ နောင်ချိုမြို့နယ်နှင့် သိမ်းနီမြို့နယ်များ အတွင်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့မှုအခြေအနေများ၊ ရန်ကုန်- စစ်တွေ ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ လုံခြုံရေးစခန်းအား တိုက်ခိုက်ခဲ့မှုအပါအဝင် အဆိုပါ ပြည်ထောင်စုလမ်းမကြီးပေါ်၌ သွားလာလျက်ရှိသည့် အရပ်ဘက် မော်တော် ယာဉ်များအား မီးရှို့ဖျက်ဆီးခဲ့မှု၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း AA အကြမ်းဖက် သောင်းကျန်းသူများက ရွှေပြည်သစ်ခရီးသည်တင် ယာဉ်နှင့် လိုက်ပါလာသည့် မီးသတ် တပ်ဖွဲ့ဝင်များနှင့် ခရီးသည်များအား ဖမ်းဆီးခေါ်ဆောင် သွားမှုနှင့် ရသေ့ တောင်မြို့နယ်၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ နှင့် အရပ်သားများအား ဖမ်းဆီးခေါ်ဆောင်သွားမှု၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ အတွင်း ပလက်၀ တံတားစီမံကိန်းအတွက် သံဘောင်များနှင့် ဆောက်လုပ်ရေး ပစ္စည်းများအား သွားရောက် ပို့ဆောင်သည့် ရေယာဉ်များအား ချောင်းမြောင်းပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးခဲ့မှု၊  စစ်တွေမြို့အနီးနှင့် ရသေ့တောင်မြို့အနီး ကျောက်ချရပ်နားထားသည့် စစ်ရေယာဉ် များအား AA အကြမ်းဖက်သောင်းကျန်းသူများက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့မှု၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ဝန်ထမ်းများအပါအဝင် ကုမ္ပဏီဝန်ထမ်းများအား AA အကြမ်းဖက်သောင်းကျန်းသူများက အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင်သွားမှု၊ ကျောက်တော်မြို့ နှင့် သာသနိကအဆောက်အဦများအား အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှု၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ အတွင်း ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာအတွင်းသို့ AA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရွာသူ၊ ရွာသားများ သေဆုံးဒဏ်ရာရရှိခဲ့မှုနှင့် သိန်းတန်ကျေးရွာနေ ဘင်္ဂါလီအမျိုးသမီးများအား AA အကြမ်းဖက် သောင်းကျန်းသူများက မဖွယ်မရာ မုဒိမ်းကျင့်ခဲ့မှု ဖြစ်စဉ်များ၊ ပေါင်းတုတ် ကျေးရွာမှ ဘင်္ဂါလီတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားမူများ ဖြစ်ပေါ်ခဲ့ရသည့် အကျိုး အကြောင်းဆက်စပ်မှုများ၊ တပ်မတော်၏ ကြိုးပမ်းဆောင်ရွက်ချက်များကြောင့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ရည်ရွယ်ချက်များပျက်ပြားပြီး လုပ်ဆောင်မှုများ အောင်မြင်မှုမရှိ ဖြစ်ခဲ့သည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက် များအား တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များအား ညွှန်ကြားထားရှိသည့် အခြေအနေများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် မြန်မာ့တပ်မတော်မှ ဆေးဖက်ဆိုင်ရာ ပစ္စည်းများ သွားရောက်ပေးပို့ လှူဒါန်းခဲ့သည့်အခြေအနေများ၊  (COVID-19) ရောဂါ ဖြစ်ပွားမှုကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစီမံချက်များ ရေးဆွဲထားရှိမှုနှင့် ရောဂါပြန့်ပွား ကူးစက်လာပါက တပ်မတော်နှင့် အရပ်ဖက် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် သွားမည့် အခြေအနေများ၊  (COVID-19) ရောဂါကုသရာတွင် အထောက်အကူ ပြုသည့် Chloroquine ဆေးများအား နယ်စပ်ဒေသမြို့များရှိ ဆေးရုံများသို့  တပ်မတော်မှလှူဒါန်းခဲ့မှုနှင့် မြို့နယ်အသီးသီးရှိဆေးရုံ၊ ဆေးခန်းများတွင် စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။

၎င်းနောက် တက်ရောက်လာကြသည့် သတင်းဌာနအသီးသီးတို့က သိရှိလို သည်များ မေးမြန်းမှုအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိ သူများ က  ပြန်လည် ရှင်းလင်းပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။