ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  မန္တလေးမြို့၊ မြို့အင်္ဂါရပ်နှင့်အညီဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာ

Sunday, January 25, 2026 - 08:00

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  မန္တလေးမြို့၊ မြို့အင်္ဂါရပ်နှင့်အညီဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြား

နေပြည်တော်၊ ဇန်နဝါရီ - ၂၅

ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့တော်စည်ပင် သာယာရေးကော်မတီမှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မန္တလေးမြို့၊ မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ မန္တလေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော် အရာ ရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝင် ဝန်ကြီးများ၊ မြို့တော်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ယနေ့တွင် မန္တလေး တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် တခဲနက်လာရောက်ဆန္ဒမဲများပေးနေကြသည်ကိုတွေ့မြင်ရပြီး လူငယ် လူရွယ်များ၊ လူလတ်ပိုင်းများလည်း အများအပြားပါဝင်ကြကြောင်း၊ လူငယ်လူရွယ်များ အနေဖြင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုရှိသည်မှာ ကောင်းမွန်သည့် လက္ခဏာ ပင်ဖြစ်ကြောင်း၊ ထိုသို့ လိုက်လံကြည့်ရှုအားပေးစဉ် မန္တလေးမြို့အတွင်းရှိ လမ်းမကြီး များ၊ လမ်းသွယ်များနှင့် မြို့တွင်းသန့်ရှင်းသာယာလှပမှု ကောင်းမွန်လျက်ရှိသည်ကို တွေ့ရှိရပြီး စည်ပင် သာယာရေးဆိုင်ရာတာဝန်ရှိသူများ၏ လုပ်ငန်းတာဝန်ကျေပွန်မှု၊ မြို့သူမြို့သားများ၏ စည်းကမ်းစနစ်တကျရှိမှုကြောင့်ဖြစ်သည်ကို ဝမ်းမြောက်အသိ အမှတ်ပြုပါကြောင်း၊ ယခုရွေးကောက်ပွဲအပိုင်း(၁)၊ အပိုင်း(၂)နှင့်အပိုင်း(၃)တို့ကို အောင်မြင်စွာ ကျင်းပပြီး စီးခဲ့ပြီဖြစ်သဖြင့် လာမည့်မတ်လကုန်တွင် အစိုးရသစ် တစ်ရပ်တက်လာ မည်ဖြစ်ကြောင်း၊ အစိုးရသစ်တစ်ရပ်မဖွဲ့စည်းမီ ကြားကာလအတွင်း မန္တလေးမြို့ အနေဖြင့် မြို့သာယာ လှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆက်လက်‌ ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်း များကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်လို ကြောင်း၊ ကြားကာလ ၂ လတာ အတွင်း ဆောင်ရွက်ပြီးစီးနိုင်မည့် မြို့သာယာလှပရေး လုပ်ငန်းများကို ဦးစားပေး အနေဖြင့် ဆောင်ရွက်သွားရန်မှာကြားလိုကြောင်း၊ အဓိက လမ်းမကြီးများ၌ လမ်းလယ် မျဉ်းများဆွဲခြင်း၊လမ်းညွှန်အမှတ်အသားများ အသစ် ပြန်လည်ပြုလုပ်ခြင်းတို့အပါအဝင် အချိန်တို အတွင်းပြီးစီးနိုင်မည့် လုပ်ငန်းများကို ဖော်ဆောင်သွားရန်လိုကြောင်း၊ လမ်းလယ်ကျွန်းများ၊ ပလက်ဖောင်းများ၌ သဲ၊ မြေကြီးနှင့် အမှိုက်များဖုံးနေခြင်း များကိုလည်း ရှင်းလင်း သွားရန်လိုကြောင်း၊ လမ်းများသန့်ရှင်းရေးနှင့် ပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေဖြင့်စနစ်တကျဆေးကြောခြင်း ဦးစွာ ဆောင်ရွက်ပြီးမှသာလျင် ဆေးသုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ပလက်ဖောင်းများ ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်း၊ ရေဝင်၊ ထွက်ပေါက်များ ပိတ်ဆို့မှုမရှိစေရေးနှင့် စနစ်တကျဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်ခြင်းတို့ကိုလည်း ဆောင်ရွက်သွားရန်လို ကြောင်း၊

မန္တလေးမြို့အတွင်း လေထုညစ်ညမ်းမှုကိုလည်း စစ်ဆေးဆောင်ရွက်သွားရန်လို ပြီး ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်သွားရန်လိုကြောင်း၊ ကျောင်းများ၌ သန့်ရှင်းရေးဆောင်ရွက်ထားသည်မှာလည်း ကောင်းမွန်သည်ကို တွေ့မြင်ရသဖြင့် အသိ အမှတ်ပြုပါကြောင်း၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ၏ စည်း ကမ်းစနစ်တကျရှိမှုကို ပြသနေခြင်းပင်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများ၏ သင်ကြားရေးစွမ်းရည်ကိုလည်းသင်တန်းများပေး၍ မြှင့်တင် ဆောင်ရွက် ပေးသွားရန်လိုကြောင်း၊  ကျောင်းသားကျောင်းသူများအနဖြေင့် နွေရာသီ ကျောင်းပိတ်ရက်ကို အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက်လည်း ယဉ်ကျေးလိမ္မာ သင်တန်း၊ အင်္ဂလိပ်စာနှင့်ကွန်ပျူတာအခြေခံသင်တန်းများအပြင် အခြားအကျိုးရှိစေ မည့် နွေရာသီသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး ကြိုတင်စီမံထားရန်လိုကြောင်း၊ တပ်မတော်မှလည်း ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်(အခြေခံ)နှင့်(တန်းမြင့်) သင်တန်းများကို နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း။

ပညာရေးတွင်လည်း ဆရာ၊ ဆရာမ များမွေးထုတ်ပေးလျက်ရှိသည့် ပညာရေး ဒီဂရီကောလိပ်များကို ဆရာအတတ်သင်တက္ကသိုလ်များအဖြစ် ပြောင်းလဲဖွင့်လှစ်ပေး နိုင်ရေး ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ ဘွဲ့အဆင့်သတ်မှတ်ချက်များ၊ ပညာရပ် ပိုင်းဆိုင်ရာ သတ်မှတ်ချက်များ အလိုက်ခံစားခွင့်များတိုးမြှင့်ရရှိနိုင်ရေး ဆောင်ရွက်ပေး ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ပညာရေးကို မြှင့်တင်နိုင်ရေးအတွက် သင်ကြားရေး တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများကို ဦးစွာမြှင့်တင်ဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် အများစုအားဖြင့် အစိုးရကျောင်းများကိုသာ အဓိကအားထားနေရခြင်း ဖြစ်သဖြင့် ပညာရေးဝန်ထမ်းများ၏စွမ်းရည်ကို မြှင့်တင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် ကို အကောင်အထည်ဖော် တည်ဆောက်နိုင်ရေးအတွက် ပညာတတ်လူသားအရင်း အမြစ်ကောင်းများ မဖြစ်မနေ လိုအပ်သည်ဖြစ်သောကြောင့် ပညာရေးကို အားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

မန္တလေးတိုင်းအနေဖြင့် ဆီထွက်သီးနှံအဓိကထွက်ရှိပြီး အထွက်နှုန်းများ တိုးမြှင့် ရရှိရေးအလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အား ပေးဆောင်ရွက်ပြီး တိုင်းပြည်စီးပွားရေးကောင်းမှသာ ဝယ်လိုအားနှင့် ရောင်းလိုအား များကောင်းလာမည်ဖြစ်ပြီး လည်ပတ်ရင်းနှီးငွေများပြားခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများဖော်ဆောင်ပေးနိုင်ခြင်း အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အဓိကဖြစ်ထွန်းအောင်မြင်သည့် ဆီထွက်သီးနှံနှင့် ပဲသီးနှံ တို့ကို ယခုထက်မည်ကဲ့သို့ကောင်းမွန်အောင်ဆောင်ရွက်သွားမည်ကို ကော်မတီဖွဲ့စည်း ၍စနစ် တကျဖြင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ စက်မှုဇုန်များ၌ MSME လုပ်ငန်းများ ကိုလည်း အားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ MSME လုပ်ငန်းများကို အားပေး ဆောင်ရွက်ခဲ့ လို့သာလျင် နိုင်ငံတော်၏စီးပွားရေးသည် အပေါင်း လက္ခဏာဘက်သို့ ပြန်လည်ရောက် ရှိခဲ့ခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသက်ပင်ဖြစ် သည့် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် အရည်အသွေးပြည့်မီသည့် ဈေးကွက်ဝင် MSME ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ် သွားရမည်ဖြစ်ကြောင်း။

မန္တလေးတိုင်းဒေသကြီးအနေဖြင့် အစိုးရအဖွဲ့၏ ကြိုးပမ်းအားထုတ်မှု၊ ဒေသခံ များ၏ စည်းကမ်းစနစ်တကျရှိမှုနှင့် အလုပ်လုပ်ကိုင်လိုစိတ်ရှိမှုတို့ကြောင့် ဖွံ့ဖြိုးတိုး တက်မှုများ များစွာကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်အသိအမှတ်ပြုပါကြောင်း၊ ယခုကဲ့သို့ ကောင်းမွန်သည့်အချက်အလက်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်၍ နောင်တက်လာမည့်အစိုးရကို ကောင်းမွန်စွာ လက်ဆင့်ကမ်းနိုင်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်မှုဇုန်အတွင်း ရာဘာထုတ်ကုန်များ ထုတ်လုပ်လျက်ရှိမှုနှင့်ပတ်သက်၍ တင်ပြဆွေးနွေးမှုအပေါ် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ ပြန် လည်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။