ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ မန္တလေးမြို၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများအား သွားရောက် မေးမြန်းလျှောက်ထားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်
နေပြည်တော်၊ ဇန်နဝါရီ - ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ခရီး စဉ်တွင်လိုက်ပါလာသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက အဂ္ဂမဟာပဏ္ဍိ တ ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ ၊ သက်တော် ၉၈ နှစ်၊ ဝါတော် ၇၈ ဝါရှိ သက်တော်ရှည် ဆရာတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်ဇနီး၊ အဖွဲဝင်များသည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာများနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေး ဆိုင်ရာများအား မေးမြန်းလျှောက်ထားပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတိုက ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ၊ ဆေး ပစ္စည်းများ၊ အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်းနှင့် ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာလိုအပ်ချက် များအား အမြဲမပြတ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို မှာကြား ခဲ့ကြောင်းသတင်းရရှိသည်။


