Myanmar Football Academies Tournament  2025-2026 ပြိုင်ပွဲတွင် ပထမဆုနှင့် အသန့်ရှင်းဆုံးအသင်းဆုရရှိခဲ့သည့် တပ်မတော်ဘောလုံးအကယ်ဒမီအသင်းအား ဂုဏ်ပြု ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ  ၂၂

Thursday, January 22, 2026 - 03:15

Myanmar Football Academies Tournament  2025-2026 ပြိုင်ပွဲတွင် ပထမဆုနှင့် အသန့်ရှင်းဆုံးအသင်းဆုရရှိခဲ့သည့် တပ်မတော်ဘောလုံးအကယ်ဒမီအသင်းအား ဂုဏ်ပြု ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ  ၂၂

Myanmar Football Academies Tournament  2025-2026 ပြိုင်ပွဲတွင် ပထမဆုနှင့် အသန့်ရှင်းဆုံးအသင်းဆု( Fair Play Award )ရရှိခဲ့သည့် တပ်မတော်ဘောလုံးအကယ်ဒမီ အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိဘောလုံးအားကစားကွင်း၌ ကျင်းပရာ တပ်မတော်အားကစားနှင့်ကာယပညာ အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း၊ တပ်မတော် ဘောလုံးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ် ရဲထွဋ် ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တပ်မတော်ဘောလုံးအကယ်ဒမီအုပ်ချုပ်ရေးမှူး၊ Myanmar Football Academies Tournament  2025-2026 ပြိုင်ပွဲတွင် ပထမဆုနှင့် အသန့်ရှင်းဆုံးအသင်းဆု  (Fair Play Award )ရရှိခဲ့သည့်  တပ်မတော်ဘောလုံးအကယ်ဒမီအသင်းမှ နည်းပြအဖွဲ့ဝင် များ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ဦးစွာ တပ်မတော်အားကစားနှင့်ကာယပညာအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းက အဖွင့်အမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀)သိန်းပေးအပ်ရာ တပ်မတော်ဘောလုံးအကယ်ဒမီ အုပ်ချုပ်ရေးမှူးနှင့် အသင်း ခေါင်းဆောင်တို့က လက်ခံရယူကြသည်။

ထို့နောက် တပ်မတော်ဘောလုံးအကယ်ဒမီအုပ်ချုပ်ရေးမှူး ဗိုလ်မှူး ခင်မောင်စိုးက တပ်မတော်ဘောလုံးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် ရဲထွဋ် ထံ ချန်ပီယံဆုဖလားအား အပ်နှင်းသည်။

ယင်းနောက် တပ်မတော်ဘောလုံးအကယ်ဒမီအသင်းနည်းပြချုပ် ဦးညီညီလတ် က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

မြန်မာဘောလုံးအကယ်ဒမီများပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှ ၁၁ ရက် နေ့အထိ ရန်ကုန်မြို့၌ ပြိုင်ပွဲဝင်အသင်း (၈)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ယှဉ်ပြိုင်ကစားခဲ့ရာ တပ်မတော်ဘောလုံး အကယ်ဒမီအသင်း က မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သတင်းရရှိသည်။