နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ Army Operation Center ၊ Neighboring Countries Coordination Cent

Thursday, January 22, 2026 - 03:00

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ Army Operation Center ၊ Neighboring Countries Coordination Center (NCCC)ဌာန၏ အကြီးအကဲ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ - ၂၂

          နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည်  ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ Army Operation Center ၊ Neighboring Countries Coordination Center (NCCC) ဌာန၏ အကြီးအကဲ General Direk Bongkarn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌  လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊  (NCCC)ဌာန၏အကြီးအကဲနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်ကြည်းတပ်စစ်သံမှူး Senior Colonel Pongphan Puttha နှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံးနှင့် (NCCC)ဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်အကြီးအကဲများ၏ ဦးဆောင်မှုဖြင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးကောင်းမွန်လျက်ရှိပြီး ချစ်ကြည်ရင်းနှီးမှုများ တိုးတက်လျက်ရှိသည့်အခြေအနေများနှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား သဘောတူညီချက်များအား ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများနှင့်   ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်နေစေရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်သည့်အခြေအနေများ၊ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှုများ ပြန်လည် ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း၍ ထိန်းသိမ်းဆောင်ရွက်သွားနိုင်မည့် အခြေအနေ များနှင့် နယ်စပ်ဒေသများတွင်တရားမဝင်ကုန်သွယ်မှုများနှင့် တရားမဝင်လုပ်ငန်းများ လုပ်ကိုင်မှုမရှိစေရေး  ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ တစ်ကျော့ပြန် မပေါ်ပေါက်လာစေရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍ အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့် နှစ်နိုင်ငံသတင်းအချက်အလက်များ ဖလှယ်ခြင်းများအပါအဝင် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၁)နှင့်အပိုင်း(၂)ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အခြေအနေ များနှင့် လာမည့်ဇန်နဝါရီ ၂၅ ရက်နေ့ တွင် အပိုင်း(၃)ကို ဆက်လက်ကျင်းပသွားမည် ဖြစ်သည့်အခြေအနေများနှင့် ပတ်သက် ၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊  (NCCC) ဌာန၏ အကြီးအကဲတို့ သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိ သည်။