ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၁)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီလ ၁၇

Saturday, January 17, 2026 - 02:15

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၁)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ

နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီလ ၁၇

                ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၁)သို့ တက်ရောက်ကြမည့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်မှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက ပုသိမ်တပ်နယ်အားကစားခန်းမ၌ သွားရောက်တွေ့ဆုံသည်။

                 ထိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၁)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်း ရတနာများအား  ပုဆိုးနှင့် ရှပ်အင်္ကျီများအား ပေးအပ်ပြီး ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။