ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ မက်မန်းမြို့နယ်အတွင်း၌ ပါတီစုံဒီမိုကရေစီ ထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို ယနေ့ညနေပိုင်းတွင် မက်မန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ၊ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မက်မန်းခရိုင်/ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက မက်မန်းမြို့နယ် မြို့ပေါ်ရပ်ကွက်များနှင့် တောင်ပေါ်ကျေးရွာ အုပ်စုများတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပ နိုင်ရေး၊ မဲစာရင်းများမှန်ကန်ပြီး မဲဆန္ဒရှင်အားလုံးအဆင်ပြေ ချောမွေ့စွာ ဆန္ဒမဲပေး နိုင်ရေး၊ မဲဆန္ဒရှင်များ လာရောက်မဲပေးစဉ် မလိုအပ်ဘဲ အချိန်ကြန့်ကြာမှု မရှိစေရေးနှင့် ၎င်းတို့၏ သွားလာရေးအဆင်ပြေစေရန် မော်တော်ယာဉ်များ အဆင်သင့် စုဖွဲ့ပြင်ဆင် ထားရှိရေး၊ မဲဆန္ဒရှင်များ၏ လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ကြိုတင်ပြင်ဆင်ထားရှိရေး၊ မဲရုံများနှင့်မြန်မာအီလက်ထရော နစ်မဲပေးစက် (MEVM)များ လုံခြုံစွာသယ်ယူပို့ဆောင်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ အမှာစကား ပြောကြား သည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက မက်မန်းမြို့နယ်အတွင်း ပါတီစုံ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြရာ တိုင်းမှူး က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
