ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေကြသည့် ကိုယ်စားလှယ်အဖွဲ့များ Kazan မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး နေပြည်တော် ဇွန် - ၂၆

Saturday, June 26, 2021 - 16:00

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေကြသည့် ကိုယ်စားလှယ်အဖွဲ့များ Kazan မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် - ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့များ သည် ဇွန် ၂၅ ရက်တွင် Republic of the Tatarstan ၊ Kazan မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်း အောင်ကျော်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်သော် (ငြိမ်း) ဦးဆောင်သော အဖွဲ့သည် အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ Kazan မြို့ရှိ Republic of the Tatarstan  ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီသို့ သွားရောက်လေ့လာကြပြီး ပြည်နယ်ဝန်ကြီး Republic of the Tatarstan ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ အမှုဆောင်အရာရှိချုပ် Ms.Taliya Minullina နှင့်တွေ့ဆုံ၍ ရင်းနှီးမြှုပ်မှုကိစ္စရပ်များကို ဆွေးနွေးကြပြီး မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့သည် Kazan မြို့ ဒုတိယမြို့တော်ဝန် Ms. Lodvigova  Evgeniya နှင့် Kazan မြို့တော်ခန်းမ၌ တွေ့ဆုံပြီး နေပြည်တော်နှင့် Kazan မြို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာအကူအညီများ ပေးအပ်သွားရေး၊ အထူးသဖြင့် ပို့ဆောင်ရေးနှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ချစ်ကြည် ရေးနှင့်လေ့လာရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့သည် IT Park နှင့် Republic of the Tatarstan  ပြည်သူ့ ချစ်ကြည်ရေးပြခန်းသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။