PDF အမည်ခံအကြမ်းဖက်သမားများက ဆင်ဖြူကျွန်းမြို၊ နွယ်တမယ်ကျေးရွာရှိ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များအတွင်း ဝင်ရောက်အခြေပြု၍ အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်လျက်ရှိသဖြင့် တပ်မတော်က အကြမ်းဖက်ချေမှုန်းရေးလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁
အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဉပဒေ စိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်အတွက် အကြမ်းဖက်မှုလုပ်ရပ်များကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိသည့်အပြင် PDF အမည်ခံအကြမ်းဖက် သမားများသည် နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူလူထုက လိုလားလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးကို မျက်ကွယ်ပြုပြီး ၎င်းတို့၏ အကျိုးစီးပွားကို ရှေ့တန်းတင် လုပ်ဆောင်နေသည့်လက်နက်ကိုင်သောင်းကျန်းသူများ၏ အထောက်အပံ့ကိုရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အလှမ်းကွာဝေးသည့် ဒေသများ၌ ဒေသခံလူထုအား အနိုင်ကျင့်ခြိမ်းခြောက်၍ ဘုရားစေတီပုထိုးများ၊ ကျေးရွာဘုန်းတော်ကြီးကျောင်း များ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးပေးခန်းများနှင့် လူနေအိမ်များတွင် သဲအိတ်ဘန်ကာများဆောက်လုပ်ခြင်း၊ ပစ်ကျင်းများတူးခြင်း၊ ပတ်ဝန်းကျင်၌ လက် လုပ်မိုင်းအတားအဆီးများ ထောင်ထားခြင်းများနှင့် ရဟန်းသံဃာများ၊ သာသနာနွယ် ဝင်သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာ၍ အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ လူသားတံတိုင်းအဖြစ်အသုံးချခြင်း တို့ကိုပါ လုပ်ဆောင် လျက်ရှိကြသည်။
ထိုသို့ နိုင်ငံတော်နှင့်ပြည်သူအပေါ် ယုတ်မာရိုင်းစိုင်းစွာ အကြမ်းဖက်မှု လုပ်ရပ် များလုပ်ဆောင်နေကြသည့် အကြမ်းဖက်သမားများအား တပ်မတော်က အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Torrorism Operation)ဖြင့် ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သမားများ ယာယီထိန်းချုပ်ထားသည့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်ကျေးရွာအား ဇန်နဝါရီ ၁၀ ရက်တွင် တပ်မတော်က အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
ထို့နောက် ဇန်နဝါရီ ၁၁ ရက်တွင် နွယ်တမယ်ကျေးရွာအား တပ်မတော်က နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်းမှ အကြမ်းဖက်သမား အလောင်း ၁ လောင်း၊ လက်ဗစ်ဗုံး ၄ လုံး၊ လက်လုပ်မိုင်း ၁၁ လုံး၊ ၄၀ မမဗုံးသီး ၂ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ကာဦးထုပ် ၅ လုံး၊ ပြောက်ကျားယူနီဖောင်း ၄ စုံ၊ စကားပြောစက် ၃ လုံးနှင့် အကြမ်းဖက်တံဆိပ်ဘတ် ၁စုံ တို့ကို သိမ်းဆည်းရမိခဲ့ သည်။
ထို့ပြင် အကြမ်းဖက်သမားများသည် ကျေးရွာရှိ ဘုရားစေတီပုထိုးများ၊ တံတားဦးဘုန်းတော်ကြီးကျောင်း၊ ပဒေသာဘုန်းတော်ကြီးကျောင်းနှင့် သာသနိက အဆောက်အအုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းခွဲနှင့် ဒေသခံပြည်သူများ၏ နေအိမ်များအတွင်းနှင့် ခြံဝန်းများ အတွင်း၌ အခြေပြု၍ ဘန်ကာများ၊ သဲအိတ်များ၊ ကတုတ်ကျင်းများဖြင့် အခိုင်အမာ ခံစစ်တည်ဆောက်ပြီး ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများ၊ တန်ဆောင်းများနှင့် စာသင်ကျောင်းများကို အကာအကွယ်ရယူ၍ ခုခံတိုက်ခိုက် ခြင်း၊ ကျေးရွာတံတားအား ဖောက်ခွဲဖျက်ဆီးပြီး အကာအကွယ်ပြုလုပ်ထားခြင်း၊ ဘုန်းတော်ကြီးကျောင်းဝန်းများနှင့် ကျေးရွာလမ်းများ၌ လက်လုပ်မိုင်းများ ထောင် ထားခြင်းတို့ လုပ်ဆောင်ထားသည်ကို တွေ့ရှိခဲ့ရကြောင်းနှင့် ကျေးရွာအတွင်း၌ လက်လုပ်မိုင်းအန္တရာယ်ကင်းဝေးစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်း လင်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများသည် နိုင်ငံတစ်နိုင်ငံအတွက် အခြေခံအုတ်မြစ်ဖြစ် သည့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍတို့ ပျက်စီးစေရန်ရည်ရွယ်ချက် ဖြင့် စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်း၊ တံတားများနှင့် အများပြည်သူ နှင့်သက်ဆိုင်သည့် နေရာများအား အဓိကထား ဖောက်ခွဲဖျက်ဆီး ခြင်း၊ အဆိုပါ နေရာများသာမက ပြည်သူများ အထွဋ်အမြတ်ထားရာ ဘာသာတရား အသီးသီးအတွက် အလေးအမြတ်ထားရာနေရာများ ဖြစ်သည့် ဘာသာရေး အဆောက်အအုံများအထိပါ ဘန်ကာများတည်ဆောက်၍ အကာအကွယ်အဖြစ် ခုခံတိုက်ခိုက် ခြင်းများ လုပ်ဆောင်လျက်ရှိရာ အဆိုပါ အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင် တော့သည့် ဒေသခံတိုင်းရင်းသားပြည်သူများကလည်း တပ်မတော် အပေါ် ယုံကြည်ကိုးစားမှု၊ စိတ်အားထက်သန်စွာအားပေးထောက်ခံမှုများ ပြုလုပ် လာကြကြောင်းနှင့် တပ်မတော်အနေဖြင့်လည်း နယ်မြေဒေသတည်ငြိမ် အေးချမ်း ရေးနှင့် ပြည်သူလူထု၏ လူမှုဘဝတိုးတက်မြင့်မားမှုများ ပြန်လည်ရရှိစေရေး အတွက် ပြည်သူလူထုနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။







