ရပ်စောက်မြို့၌ မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၁၀ ရက်

Saturday, January 10, 2026 - 16:15

ရပ်စောက်မြို့၌ မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၁၀ ရက်

                 ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေသည့် ရှမ်းပြည်နယ် (တောင်းပိုင်း)၊ ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်၊ မဲရုံအမှတ်(၁)၊ မြို့ဦး(၁)ကျေးရွာ၊ မဲရုံအမှတ်(၈)၊ ထီးခမ်း ကျေးရွာ၊ မဲရုံအမှတ်(၇)နှင့် ပင်ဖြစ်စံကျေးရွာ၊ မဲရုံအမှတ်(၆)တို့အား ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ မဲရုံကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က လိုအပ် သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။