မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ကလေးဝမြို့နယ်၊ ကလေးဝ-မော်လိုက်သွားကားလမ်း၊ နန်းမော်ကယ်ကျေးရွာအနီးတွင် မော်လိုက်မြို့နယ်၊ နန်းခမ်းပါတ်သစ်တောကြိုးဝိုင်း၊ ပျဉ်းစိုက်ခင်းနေ ကျော်ဇင်လင်း(ခ)မောင်ကောင်း(၂၆)နှစ် မောင်းနှင်လာသော TNI-4 2N-xxxx FORLAND မော်တော် ယာဉ်အား သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၃၈ ဒသမ ၅ ကီလို (၎င်းဒေသ တန်ဖိုးငွေကျပ် ၁ ဒသမ ၉၂၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ပါသည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ဘိန်းဖြူများ သယ်ဆောင်ခိုင်းသူမှာ တမူးမြို့နယ်၊ ခမ်းပတ်မြို့နေ ဖိုးကျော်(ဖမ်းဆီးရန်ကျန်)နှင့် ပူးပေါင်းပါဝင်သူ ဖိုးသား(ဖမ်းဆီးရန်ကျန်) တို့ဖြစ်ပြီး ကလေးဝမြို့နယ်မှ ခမ်းပတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
