၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲများပြုလုပ်၊ မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအားကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၇ ရက်
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးပွဲများကို ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတေဇခန်းမ၌ လည်းကောင်း၊ မိုင်းကိုင်မြို့နယ်နှင့် လဲချား မြို့နယ်တို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ အသီးသီး၌ လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်း ခန်းမ၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိုတ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌လည်းကောင်း ပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ်သက်၍ အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ် ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေး တင်ပြရာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့ရှိ မြို့နယ်ခန်းမ၊ အမှတ်(၁)ရပ်ကွက်ရှိမဲရုံ၊ အမှတ်(၂)ရပ်ကွက်ရှိ ရှမ်းစာပေယဉ်ကျေးမှုခန်းမရှိမဲရုံနှင့် “ဝ”ယဉ်ကျေးမှုခန်းမရှိမဲရုံတို့ အား လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့၊ မြို့နယ်ခန်းမ၊ မိုင်ကိုင်မြို့နယ် နှင့်လဲချားမြို့နယ်များအတွင်းရှိ မဲရုံနေရာများအား လည်းကောင်း၊ မွန်ပြည်နယ်၊ မုဒုံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊ မြို့မ(၃)ရပ်ကွက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ရုံးအားလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများကသွားရောက်၍ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များထိန်းသိမ်းထား ရှိမှု၊ ဆန္ဒမဲပေးခြင်းလုပ်ငန်း များဆောင်ရွက်နေမှုနှင့် ကြိုတင်မဲပေးမှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။








