၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၊ မဲရုံနေရာများအားသွားရောက်ကြည့်ရှု့စစ်ဆေး နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၅ ရက်

Monday, January 5, 2026 - 15:45

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာ ကျင်းပနိုင်ရေး ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်၊ အစည်းအဝေး ခန်းမ၌ပြုလုပ်ရာ ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန် နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

              ဦးစွာ တိုင်းမှူးက   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲစာရင်းများမှန်ကန်မှုရှိစေရေး၊ မြန်မာ အီလက်ထရောနစ် မဲပေးစက်  (MEVM)များ သယ်ယူပို့ဆောင်ခြင်း ၊ လုံခြုံရေးပိုင်းဆိုင်ရာများနှင့် စပ်လျဉ်း၍  အမှာစကား ပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူအသီးသီးက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက်   ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျွန်းစုမြို့နယ်အတွင်း  ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အတွက် ထားရှိမည့် လျာထားမဲရုံ နေရာများအား သွားရောက်ကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။