တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် (၇၈)နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ဂုဏ်ပြုမီးအလှထွန်းညှိခြင်းများပြုလုပ် နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ - ၄

Sunday, January 4, 2026 - 15:15

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် (၇၈)နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ဂုဏ်ပြုမီးအလှထွန်းညှိခြင်းများပြုလုပ်

နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ - ၄

          ယနေ့သည် မြန်မာတစ်မျိုးသားလုံး ဝမ်းသာပျော်ရွှင်မဆုံးဖြစ်ရသော (၇၈)နှစ် မြောက်လွတ်လပ်ရေးနေ့ဖြစ်သည်နှင့်အညီ လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား များ၊ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံ အနှံ့ အပြားရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ လျက်ရှိသည်။

          ၎င်းအပြင် တန်ခိုးကြီးဘုရားစေတီများ၊ ပန်းခြံများ၊ အများနှင့် သက်ဆိုင်သော နေရာများ၌ ဘုရားဖူးမြော်သူများနှင့် လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက် ရှိသည်။

          ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများ အပါ အဝင် အခြားမြို့ကြီးများ၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုမီးအလှများ ထွန်းညှိခြင်းများ ဆောင်ရွက်ကြရာ လာရောက်ကြည့်ရှုသူ မိဘပြည်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သတင်းရရှိသည်။