PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် မန္တလေး တိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်များအတွင်းသို့ ဝင် ရောက်ကာ ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်ပိတ်ဆို့၍ ခရီးသွား ပြည် သူများအားဖမ်းဆီးခြင်း၊ဆတ်ကြေးကောက်ခံခြင်း၊ နေအိမ်များအတွင်းသို့ ဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းများအား အတင်းအဓမ္မယူဆောင်ခြင်း၊ နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ် ရုံများအား ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံပိုင် မြေပေါ်၊ မြေအောက်သယံဇာတများ အား အဓမ္မနည်းဖြင့်ထုတ်ယူပြီး ကိုယ်ကျိုးသုံးစွဲခြင်း၊ ပြည်သူလူထုများ၏နေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ အဆောက်အဦများအား အခိုင်အမာခံစစ်နေရာများ အဖြစ်အသုံး ပြုခြင်း၊ ယာယီအခြေပြုနေထိုင်ခြင်း၊ ဆက်သွယ်ရေးလမ်းမကြီးများပေါ်၌ ဂိတ်များဖွင့် လှစ်၍ ဒေသခံပြည်သူများ၊ ခရီးသွားများထံမှ ငွေကြေးကောက်ခံခြင်း စသည့် အကြမ်း ဖက်လုပ်ရပ်များကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့ကြသဖြင့် တပ်မတော် စစ်ကြောင်းများက အဆိုပါ ဒေသများတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးမှုရှိစေ ရေး တို့အတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး အကြမ်းဖက် ချေမှုန်းမှု စစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ကို စနစ်တကျဖြင့် ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နှင့် ၎င်းဒေသတစ် ဝိုက်အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင်လည်းကောင်း၊ မတ္တရာမြို့နယ်ရှိ ဖယောင်း တောင်သတ္တုတွင်းဒေသအား ဩဂုတ်လ ၂၄ ရက်တွင်လည်းကောင်း၊ အယ်လ်ဖာဘိလပ်မြေစက်ရုံတစ်ဝိုက်အား ဩဂုတ်လ ၂၈ ရက်တွင်လည်းကောင်း၊ ဆည်တော် ကြီးကျေးရွာနှင့် ရေလှောင်တမံအား နိုဝင်ဘာလ ၇ ရက်တွင် လည်းကောင်း၊ စဉ့်ကူး မြို့နှင့်အနီးတစ်ဝိုက်တို့အား ဒီဇင်ဘာ ၁၉ ရက်နေ့တွင် လည်းကောင်း တပ်မတော် စစ်ကြောင်းများက အဝေးရောက် ဒေသခံပြည်သူများ၏ စစ်ရေးသတင်းပေး ကူညီမှု များဖြင့် အဆင့်ဆင့်ခြေကုတ်ယူထိုးစစ်ဆင်၍အပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများ၏ စိတ်ကူးယဉ်စစ်ရေးရည်မှန်း ချက်ကို အပြီးတိုင် ရိုက်ချိုးနိုင်ခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ပြန်လည်ထိန်းချုပ်ရရှိပြီးဖြစ်သည့် အဆို ပါ မြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်မှု မရှိစေရေး၊ ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝများ လုံခြုံချောမွေ့မှုရှိစေရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးတို့အတွက် လိုအပ်သည့်နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ သပိတ်ကျင်းဘက်မှ နယ်မြေရှင်းလင်း ချီတက် လာသည့် တပ်မတော်စစ်ကြောင်းများသည် အောက်တိုဘာလ ၁၁ ရက်နေ့ တွင် သပိတ်ကျင်းမြို့နယ် ဝါးဖြူတောင်ကျေးရွာ၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဖော့တောလမ်းဆုံ၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဇရပ်ကွင်းကျေးရွာ ၎င်းမှ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် လိပ်ကျကျေးရွာသို့လည်းကောင်း ရှင်းလင်းချီတက်သိမ်းပိုက်ပြီး ပတ် ဝန်းကျင်နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ အလားတူ စဉ့်ကူးဘက်မှ ချီတက်လာသည့် တပ်မတော် စစ်ကြောင်းများ သည် စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာမှ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျည်တောက်ပေါက်ကျေးရွာ၊ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာ၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ယနေ့တွင် လိပ်ကျကျေးရွာသို့ နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက် ကာ အဆင့်ဆင့်ချီတက်ရောက်ရှိခဲ့ပြီး လိပ်ကျကျေးရွာနေရာ၌ တပ်မတော် စစ်ကြောင်းများ လက်ချင်းချိတ်ဆက်ပေါင်းဆုံခဲ့ကာ မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ် ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအား အပြည့်အဝ ထိန်းချုပ်စိုးမိုး ဖွင့်လှစ်နိုင် ခဲ့ပြီဖြစ်သဖြင့် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် လုံခြုံ စိတ်ချစွာဖြင့် သွားလာ အသုံးပြုနိုင်ပြီဖြစ်သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် မန္တလေး- မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဒေသတစ်ဝိုက် တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ် ၌ ပြည်သူလူထုများ စိတ်အေးချမ်းလုံခြုံစွာဖြင့် သွားလာအသုံးပြုနိုင်ရေး ရွပ်ရွပ်ချွံချွံ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် မြင့်မြတ်စွာ အသက် ပေးလှူခဲ့ ရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါ နယ်မြေများအတွင်းလုံခြုံရေး လုပ်ငန်းများဆောင်ရွက်ခဲ့စဉ် နယ်မြေရှင်းလင်းချီတက်ရာ လမ်းကြောင်းတစ်လျှောက် ရှိ ကျေးရွာများမှ NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၏ မတရား နှိပ်စက်ညှင်းပန်းမှုခံနေရသည့် ဒေသခံပြည်သူများအနေဖြင့် တပ်မတော် စစ်ကြောင်း များဝင်ရောက်လာမှုအား ကျားမ၊ ကြီးငယ်မရွေး အောင်သပြေပန်းများ၊ ပန်းကုံးများ ကိုင်ဆောင်ကာ သောင်းသောင်းဖြဖြဝမ်းပန်းတသာကြိုဆိုခဲ့ကြသည်ကို ကြည်နူးဝမ်း မြောက် ဖွယ်တွေ့မြင်ခဲ့ရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် သပိတ်ကျင်း-မိုးကုတ် ဒေသအနီးဝန်း ကျင်ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများလုံခြုံစေရေး ကုန်စည်ကူးသန်းရောင်း ဝယ်မှုများလွယ်ကူလျင်မြန်ချောမွေ့လာစေရေးနှင့် နိုင်ငံစီးပွားတိုးတက်ရေး အထောက် အကူပြုသည့် မြေပေါ်/မြေအောက် သယံဇာတများအား စနစ်တကျစီမံ ဆောင်ရွက် နိုင်ရေးတို့အတွက် သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ထားသည့်လမ်းကြောင်းအား အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြဝတီရုပ်မြင်သံကြားမှ သတင်းကောင်းပါးအပ် ပါသည်။





