ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၁၇၁ / ၂၀၂၅ )
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်
( ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၇ ရက် )
ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ကြေညာခြင်း
၁။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန်အခြေအနေ မရှိသည့် အောက်ဖော်ပြပါ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ( ၉ ) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ( ၂ ) နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ( ၉ ) နယ် တို့တွင် ရွေးကောက်ပွဲများကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၁၀ ( စ ) အရ ထုတ်ပြန်ကြေညာလိုက်သည် -
(က) ရွေးကောက်ပွဲများကျင်းပခြင်း မပြုမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ( ၉ ) နယ်
စဉ်
မဲဆန္ဒနယ်
ပါဝင်သည့်နယ်မြေများ
ချင်းပြည်နယ်
( ၁ )
တွန်းဇံမြို့နယ်
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
တွန်းဇံမြို့နယ်တစ်ခုလုံး။
( ၂ )
ဖလမ်းမြို့နယ်
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဖလမ်းမြို့နယ်တစ်ခုလုံး။
( ၃ )
ထန်တလန်မြို့နယ်
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ထန်တလန်မြို့နယ်တစ်ခုလုံး။
စဉ်
မဲဆန္ဒနယ်
ပါဝင်သည့်နယ်မြေများ
စစ်ကိုင်းတိုင်းဒေသကြီး
( ၄ )
ကောလင်းမြို့နယ်
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ကောလင်းမြို့နယ်တစ်ခုလုံး။
( ၅ )
ဗန်းမောက်မြို့နယ်
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဗန်းမောက်မြို့နယ်တစ်ခုလုံး။
ရခိုင်ပြည်နယ်
( ၆ )
အမ်းမြို့နယ်
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
အမ်းမြို့နယ်တစ်ခုလုံး။
( ၇ )
သံတွဲမြို့နယ်
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
သံတွဲမြို့နယ်တစ်ခုလုံး။
( ၈ )
ဂွမြို့နယ်
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဂွမြို့နယ်တစ်ခုလုံး။
( ၉ )
တောင်ကုတ်မြို့နယ်
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
တောင်ကုတ်မြို့နယ်တစ်ခုလုံး။
( ခ ) ရွေးကောက်ပွဲများကျင်းပခြင်း မပြုမည့် အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ( ၂ ) နယ်
စဉ်
မဲဆန္ဒနယ်
ပါဝင်သည့်နယ်မြေများ
ချင်းပြည်နယ်
အမျိုးသားလွှတ်တော်
(မဲအများဆုံးရသူအနိုင်ယူစနစ်)
( ၁ )
မဲဆန္ဒနယ်အမှတ် ( ၃ )
ဖလမ်းခရိုင်တစ်ခုလုံး။
ရခိုင်ပြည်နယ်
အမျိုးသားလွှတ်တော်
(မဲအများဆုံးရသူအနိုင်ယူစနစ်)
( ၂ )
မဲဆန္ဒနယ်အမှတ် ( ၆ )
အမ်းခရိုင်တစ်ခုလုံး။
( ဂ ) ရွေးကောက်ပွဲများကျင်းပခြင်း မပြုမည့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ် ( ၉ ) နယ်
စဉ်
မဲဆန္ဒနယ်
ပါဝင်သည့်နယ်မြေများ
ချင်းပြည်နယ်လွှတ်တော်
( မဲအများဆုံးရသူအနိုင်ယူစနစ် )
( ၁ )
တွန်းဇံမြို့နယ် မဲဆန္ဒနယ်
တွန်းဇံမြို့နယ်တစ်ခုလုံး။
( ၂ )
ဖလမ်းမြို့နယ် မဲဆန္ဒနယ်
ဖလမ်းမြို့နယ်တစ်ခုလုံး။
( ၃ )
ထန်တလန်မြို့နယ် မဲဆန္ဒနယ်
ထန်တလန်မြို့နယ်တစ်ခုလုံး။
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
( မဲအများဆုံးရသူအနိုင်ယူစနစ် )
( ၄ )
ကောလင်းမြို့နယ် မဲဆန္ဒနယ်
ကောလင်းမြို့နယ်တစ်ခုလုံး။
( ၅ )
ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်
ဗန်းမောက်မြို့နယ်တစ်ခုလုံး။
ရခိုင်ပြည်နယ်လွှတ်တော်
(မဲအများဆုံးရသူအနိုင်ယူစနစ်)
( ၆ )
အမ်းမြို့နယ် မဲဆန္ဒနယ်
အမ်းမြို့နယ်တစ်ခုလုံး။
( ၇ )
သံတွဲမြို့နယ် မဲဆန္ဒနယ်
သံတွဲမြို့နယ်တစ်ခုလုံး။
( ၈ )
ဂွမြို့နယ် မဲဆန္ဒနယ်
ဂွမြို့နယ်တစ်ခုလုံး။
( ၉ )
တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်
တောင်ကုတ်မြို့နယ်တစ်ခုလုံး။
၂။ သို့ဖြစ်၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၆၅ နယ်၊ အမျိုးသား လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် ( FPTP ) မဲဆန္ဒနယ် ၇၃ နယ်၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂၅၇ နယ်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် တို့တွင် ရွေးကောက်ပွဲများကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
( ပုံ ) သန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်