ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတု၊သန်လျင်ရေနံချက်စက်ရုံရာပြည့်နှင့်စွမ်းအင်ပြတိုက်ဖွင့်ပွဲတက်ရောက်ချီးမြှင့်

Wednesday, December 24, 2025 - 15:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀)ပြည့် ပတ္တမြားရတု၊ သန်လျင်ရေနံချက်စက်ရုံရာပြည့်နှင့် စွမ်းအင်ပြတိုက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်                                                                     

နေပြည်တော်၊ ဒီဇင်ဘာ - ၂၄

စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀)ပြည့် ပတ္တမြားရတု၊ သန်လျင်ရေနံချက်စက်ရုံ ရာပြည့် နှင့်စွမ်းအင်ပြတိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိ ကြရာ စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘင်ခရာ အဖွဲ့များ၊ ရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၊ တိုင်းရင်းသားမောင်မယ်များနှင့် တာဝန်ရှိသူ များ က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

စွမ်းအင်ပြတိုက်ဖွင့်ပွဲအခမ်းအနား

ထို့နောက် စွမ်းအင်ပြတိုက်ဖွင့်ပွဲအခမ်းအနားကို ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက စွမ်းအင်ပြတိုက် ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးသည်။

ယင်းနောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌက စွမ်းအင်ပြတိုက် ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေး နံ့သာရည်များ ပက်ဖြန်းပေးသည်။ ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးနှင့် တက် ရောက်လာကြသူများက စွမ်းအင်ပြတိုက် ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေး နံ့သာရည်များ ပက်ဖြန်းပေးကြသည်။

ထို့နောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် စွမ်းအင်ပြတိုက် ပြင်ပပြကွက်အားလှည့်လည် ကြည့်ရှုစစ်ဆေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ဆက်လက်၍ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များသည် စွမ်းအင်ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့်ပြကွက်များအား ပြကွက် တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ထို့နောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စွမ်းအင်ပြတိုက် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုး သည်။

စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတုနှင့် သန်လျင်ရေနံချက် စက်ရုံ ရာပြည့်အခမ်းအနား

ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအဖြစ် စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀)ပြည့် ပတ္တမြားရတုနှင့် သန်လျင်ရေနံချက်စက်ရုံရာပြည့်အခမ်းအနားကို ဆက်လက် ကျင်းပပြုလုပ်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာ ရေးကော်မရှင်ဥက္ကဋ္ဌက အခမ်းအနားကို Digital နည်းပညာအသုံးပြု၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသူလေးများက “စွမ်းအင်မှသည် စွမ်းအား” တေး သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက်   နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀)ပြည့် ပတ္တမြားရတုနှင့် သန်လျင် ရေနံချက်စက်ရုံရာပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင်  ၁၉၈၅ ခုနှစ် ဧပြီလတွင်စတင်ဖွဲ့စည်းခဲ့သည့် စွမ်းအင်ဝန်ကြီးဌာနသည် ယခုအခါ နှစ် (၄၀)ပြည့်မြောက်ပြီး ပတ္တမြားရတုတိုင်ခဲ့ပြီဖြစ်သကဲ့သို့ ၁၉၂၅ ခုနှစ်တွင် စတင်တည် ထောင်ခဲ့သည့် သန်လျင်ရေနံချက်စက်ရုံကြီးသည်လည်း ရာပြည့်ကာလကို ရောက်ရှိလာပြီ ဖြစ်သည့်အတွက် စွမ်းအင်ဝန်ကြီးဌာနအတွက် အောင်မြင်မှုသမိုင်းကြောင်းနှင့်အတူ ဂုဏ်ယူဖွယ်ရာ နှစ်တစ်နှစ်လည်းဖြစ်ကြောင်း။

            စွမ်းအင်ဝန်ကြီးဌာနသည် ခေတ်အဆက်ဆက်တွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အတွက် အသက်သွေးကြောတမျှ လိုအပ်ချက်ဖြစ်သည့်စွမ်းအင်များကို ဖြည့်ဆည်းပေးနိုင် ရန် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့်ဌာနဖြစ်ခြင်းကြောင့် နိုင်ငံတော်အတွက် အရေးကြီးသည့်ဌာနတစ်ခုလည်း ဖြစ်ကြောင်း။

            စွမ်းအင်ဝန်ကြီးဌာနဟု သီးသန့်ဌာနတစ်ခုအဖြစ် သတ်သတ်မှတ်မှတ် ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်မှာ အခုအချိန်တွင် နှစ်ပေါင်း (၄၀)ပြည့်မြောက်တာဖြစ်သော်လည်း အမှန်တကယ်တွင် မြန်မာ့ရေနံ လုပ်ငန်းသည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက စတင်ခဲ့ခြင်းဖြစ်သဖြင့် ရှည်လျားသော သမိုင်းကြောင်းရှိသည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း။

            မြန်မာနိုင်ငံသည် ရေနံလုပ်ငန်းနှင့်ပတ်သက်လာပါက သမိုင်းမှတ်တမ်းကောင်း များစွာရှိ သည်ကို တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ ရေနံချက်လုပ်ငန်းနှင့် ပတ်သက်၍လည်း ဗြိတိသျှတို့အနေဖြင့် ၁၈၇၁ ခုနှစ် ကတည်းက “ရန်ကုန်ရေနံကုမ္ပဏီ” အမည်ဖြင့် ရေနံ ချက်လုပ်ငန်းကို စတင်ခဲ့သည်ကို သမိုင်းမှတ်တမ်းများအရ သိရှိရကြောင်း၊ ၁၉၂၅ ခုနှစ် တွင် ခေတ်မီနည်းစနစ်များကို အသုံးပြု ထားပြီး နေ့စဉ်လည်ပတ်ချက် လုပ်နိုင်စွမ်း ဂါလန် (၈) သိန်းရှိသည့် သန်လျင် ရေနံချက်စက်ရုံကြီးကို တည်ဆောက်ခဲ့ကြောင်း။

            ထို့နောက်တွင်လည်း သန်လျင်ရေနံချက်စက်ရုံကို အဆင့်ဆင့် တိုးချဲ့တည် ဆောက်ခဲ့ပြီး ရေနံထွက်ပစ္စည်းအမျိုးမျိုးကို ဆက်လက် ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း၊ သို့သော် ၂၀၁၇ ခုနှစ်တွင် ကုန်ကြမ်းရရှိမှု နည်းပါးခြင်း၊ ထုတ်လုပ်သည့် စက်သုံးဆီများ၏ အရည်အသွေးသည် ဈေးကွက်လိုအပ်ချက်ကို မပြည့်မီခြင်း စသည့်အခြေအနေ များ ကြောင့် ယခုစက်ရုံကြီး၏ ရေနံချက်လုပ်ခြင်းလုပ်ငန်းများကို ရပ်နားထားခဲ့ရသည်မှာ ယခု အခါ ၈ နှစ်ကျော်ကာလ ရှိလာခဲ့ပြီဖြစ်ကြောင်း။ 

            သို့သော် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏စက်သုံးဆီလိုအပ်ချက်ကို တစ်ဖက် တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ရန်အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း ကြောင့် မကြာခင်ကာလအတွင်း၌ တစ်နှစ်လျှင် တန်ချိန် (၅) သိန်းချက်လုပ်နိုင်မည့် သန်လျင်ရေနံချက် စက်ရုံသစ်ကြီးကို ပထမအဆင့် (Phase I) အနေဖြင့် စတင်လည်ပတ် နိုင်တော့မည် ဖြစ်ကြောင်း၊  ဆက်လက်၍လည်း ဒုတိယအဆင့် (Phase II) အနေဖြင့် တစ်နှစ် ကို တန်ချိန် (၃) သန်း ချက်လုပ်နိုင်မည့် စက်ရုံကို ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်သဖြင့် အထူးပင် ဂုဏ်ယူဝမ်းမြောက်သည်ကို ပြောကြားလိုကြောင်း။ 

            စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းအသစ်များ၊ ရေနံမြေအသစ်များ ထွက်ပေါ်လာရေးကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ သက်တမ်းရင့်ရေနံ ချက် စက်ရုံ၊ ရေနံဓာတုဗေဒ စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံကြီးများ စွမ်းအားပြည့် ပြန်လည် လည်ပတ်နိုင်ရန်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ထို့အပြင် လက်ရှိ ရေနံမြေများမှ ရေနံအထွက်တိုးစေရေး ခေတ်မီနည်းပညာများ အသုံးပြုပြီး ဆောင်ရွက်ရန် တိုင်းရင်းသား ရေနံလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး နည်းစနစ်ကျ ရေနံတွင်းများ တူးဖော်နိုင်ရန်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်များ အဆင့်မြှင့်တင်နေသည်ကို အားသွန်ခွန် စိုက် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ခြင်းကြောင့် နိုင်ငံ၏ စွမ်းအင်ကဏ္ဍသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်လာမည်ဟုလည်း ယုံကြည်ပါကြောင်း။

            စွမ်းအင်ကဏ္ဍဆိုင်ရာ အခြေခံအဆောက်အဦများ ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာ ခြင်းသည်လည်း ခေတ်ကာလအဆက်ဆက် စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ ကာယ၊ ဉာဏလုပ်သားများ အားလုံး ပေါင်းစည်းပြီး တက်ညီလက်ညီ ဆောင်ရွက်ပေးခဲ့ကြခြင်းကြောင့်သာဖြစ်ကြောင်း၊  ထိုသို့ ကြိုးပမ်းဆောင်ရွက်မှု စွမ်းပကား၏ အသီးအပွင့်များဖြစ်သည့်တိုးတက် အောင်မြင်မှုများ အတွက် နိုင်ငံတော်အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဝန်ထမ်းအားလုံးကို အသိ အမှတ်ပြု ကျေးဇူးတင်ရှိ သည်ကိုပြောကြားလိုကြောင်း။

            ယနေ့ ကမ္ဘာ့နိုင်ငံများအနေဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးကဲ့သို့ ရုပ်ကြွင်းလောင်စာများ၊ နျူကလီးယားစွမ်းအင်များအပြင် ရေစွမ်းအင်၊ နေစွမ်းအင်၊ လေစွမ်းအင်၊ ဇီဝဒြပ်ထုနှင့် ဟိုက်ဒရိုဂျင်စသည့် ပြန်ပြည့်မြဲ စွမ်းအင်အရင်းအမြစ်များကိုပါ တိုးချဲ့ ရှာဖွေပေါင်းစပ်ပြီး Energy Mix အနေဖြင့် အသုံးပြုနေကြသည်ကို တွေ့ရမည် ဖြစ် ကြောင်း။

            ကမ္ဘာ့နိုင်ငံအသီးသီး၏ စွမ်းအင်ဖွံ့ဖြိုးမှု အစီအမံများကို ကြည့်ပါက အနာဂတ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ တိုးမြှင့် အသုံးပြုရန် ရည်မှန်းဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်သကဲ့သို့ လျင်မြန်စွာ တိုးမြင့်လာနေသည့် စွမ်းအင်လိုအပ်ချက်ကို ဖြည့် ဆည်းနိုင်ရေးအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကိုလည်း အဓိကမှီခို အသုံးပြုနေရဆဲ ဖြစ်ကြောင်း။

            မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ပြန်ပြည့်မြဲ စွမ်းအင်တိုး မြှင့် အသုံးပြုနိုင်စေရန်အတွက် နေစွမ်းအင်၊ လေစွမ်းအင်တို့မှ လျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေသကဲ့သို့ စက်သုံးဆီများ အသုံးပြုမှုလျှော့ချနိုင်စေရန် လျှပ်စစ်ကားများကို အစားထိုးအသုံးပြုနိုင်ရေး နိုင်ငံတော်အနေဖြင့်တွန်းအားပေးဆောင် ရွက်လျက်ရှိကြောင်း၊ တစ်ဘက်တွင်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လောင်စာများကို ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေအောင် အဆင့်မြင့်နည်းပညာများ အသုံးပြုသုံးစွဲနိုင်ရန် စီမံဆောင်ရွက် လျက် ရှိနေသည်ကို ပြောကြားလိုကြောင်း။

            ဆက်လက်၍လည်း မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ အရင်းအမြစ်များကို စနစ်တကျ ရှာဖွေ၊ ဖော်ထုတ်၊ အသုံးပြုသွားရန်အတွက် မိတ်ဆွေ နိုင်ငံများက ရေနံကုမ္ပဏီကြီးများအပြင် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပူး ပေါင်းပြီး ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားကြရန်နှင့် နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးကိုလည်း အရေးကြီး လုပ်ငန်းစဉ်တစ်ခုအဖြစ် တစိုက်မတ်မတ် ဆောင်ရွက်သွားရန် လိုအပ်သည်ကို အလေးထား မှာကြားလိုကြောင်း။

            အတွေ့အကြုံများအရ နိုင်ငံတကာရေနံကုမ္ပဏီကြီးများကို ဖိတ်ခေါ်ဆောင်ရွက်မှု ၏ အကျိုးရလဒ်အနေဖြင့် အကောင်အထည်ဖော်နိုင်ခဲ့သည့် ကမ်းလွန်စီမံကိန်းကြီး များ သည် နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေကိုပါ ရှာဖွေပေးနေသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း၊ ထိုသို့နိုင်ငံ တော်နှင့် အများပြည်သူအတွက် အကျိုးရှိသည့် စီမံကိန်းကြီးများ ထပ်မံဖော်ထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်သည်ကိုလည်း တိုက်တွန်းမှာကြားလိုကြောင်း။

            ယခုအခါ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ရှာဖွေရေးမှာ AI နည်းပညာအသုံးပြုနိုင်ရေး၊ 3D Seismic နည်းပညာ အသုံးပြုနိုင်ရေးနှင့် ရေနံချက် လုပ်ခြင်းအပိုင်းတွင်လည်း ရေနံချက်စက်ရုံအသစ်များ တည်ဆောက်ပြီး အဆင့်မြင့် စက်သုံးဆီများ ကိုယ်တိုင် ချက်လုပ်ထုတ်လုပ်နိုင်ရေး၊ ဓာတ်မြေဩဇာ စက်ရုံများ ထပ်မံ တည်ဆောက်နိုင်ရေးအပါအဝင် နည်းပညာမြှင့်တင်ရေးကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက် နေပြီ ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်း များကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွား ကြရန်နှင့် နိုင်ငံတော်အတွက် စွမ်းအင်ဖူလုံမှုမှသည် စွမ်းအင်အမှီအခို ကင်းရေးအထိ ရည်မှန်းချက်ထား ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

            ဖြည့်စွက်ပြောကြားလိုသည်မှာ သက်ဆိုင်ရာဌာနများ အနေဖြင့်လည်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် လုပ်ငန်းဆိုင်ရာ အချက်အလက်များနှင့် သမိုင်း မှတ်တမ်းများကိုလည်း ခိုင်ခိုင်မာမာ ပြုစုထားရန် လိုအပ်ကြောင်း၊  သမိုင်းမှတ်တမ်း ဆို သည်မှာ မိမိတို့၏လုပ်ငန်းဆောင်ရွက်ချက်များ ကြိုးပမ်းအားထုတ်မှုများကို ရေရှည်တည် တံ့နေစေမည့် မှတ်ကျောက်နှင့် အထောက်အထားပင် ဖြစ်ကြောင်း။

            ထိုသို့ သမိုင်းမှတ်တမ်းများထားရှိမှသာ နောင်လာမည့် မျိုးဆက်သစ်များအနေ ဖြင့် မိမိတို့၏စွမ်းဆောင်ချက်များကို လေ့လာသိရှိနိုင်မည် ဖြစ်ကြောင်း၊ ယခုစွမ်းအင်ပြ တိုက်တွင် ခင်းကျင်းပြသထားသည့်အတိုင်း သမိုင်းမှတ်တမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ပုံစံ ငယ်များကို လေ့လာပြီး အများပြည်သူအနေဖြင့် ခေတ်အဆက်ဆက် ဖြစ်ပေါ် တိုးတက် လာမှုများကို လေ့လာသိရှိနိုင်မည်ဖြစ်သဖြင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း စွမ်းအင် ပြတိုက်ကို အခုထက်ပိုပြီး ပြည့်ပြည့်စုံစုံနှင့်ဖွံ့ဖြိုးတိုးတက်လာရေး တစိုက်မတ်မတ် ဆက် လက်ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀)ပြည့် ပတ္တမြားရတု၊ သန်လျင်ရေနံချက်စက်ရုံရာပြည့်နှင့် စွမ်းအင်ပြတိုက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်                                                                     

နေပြည်တော်၊ ဒီဇင်ဘာ - ၂၄

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မကြာမီတွင်စတင်နိုင်တော့မည့် သန်လျင် ရေနံ ချက်စက်ရုံသစ်စီမံကိန်းကဲ့သို့ နိုင်ငံတော်၏ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်လုံခြုံရေးကို မြှင့်တင်ပေးနိုင်မည့် အရေးကြီးသည့် စီမံကိန်းကြီးများစွာကို လည်း အောင်မြင်စွာဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဆန္ဒပြုတိုက်တွန်းလိုကြောင်း။

ဆက်လက်၍လည်း စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် စွမ်းအင်ပြည့်ဖြိုး နိုင်ငံ့အကျိုး ဆိုသည့်အတိုင်း တိုင်းပြည်နှင့် ပြည်သူများ၏ အကျိုးစီးပွားတိုးတက်စေရန် ရည်မျှော်ပြီးစွမ်းအင်များ အစဉ်ထာဝရပြည့်ဖြိုးနေစေရန်နှင့် နိုင်ငံ၏အဖိုးတန် သဘာဝ သယံဇာတများ ရေရှည်တည်တံ့ အသုံးပြုနိုင်ရေးအတွက် စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင် လုံခြုံရေးလုပ်ငန်းစဉ်များကို စွမ်းစွမ်းတမံ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ကြပါစေ ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀) ပြည့် ပတ္တမြားရတုအချိန်ကာလ၊ သန်လျင် ရေနံချက်စက်ရုံ ရာပြည့် အထိမ်းအမှတ်ကာလ မှသည် နိုင်ငံတော်အတွက် ရတုအဆက် ဆက် ဆက်လက်အဓွန့်ရှည် တည်တံ့အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်း ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာ ရေးကော်မရှင်ဥက္ကဋ္ဌထံသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စွမ်းအင် ဝန်ကြီး ဌာန နှစ် (၄၀)ပြည့် ပတ္တမြားရတုနှင့် သန်လျင်ရေနံချက်စက်ရုံရာပြည့် အထိမ်းအမှတ် ဂါရဝပြုလက်ဆောင်အား ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀)ပြည့် ပတ္တမြား ရတုနှင့် သန်လျင်ရေနံချက်စက်ရုံရာပြည့် Documentary Movie ကိုပြသသည်။

ယင်းနောက် စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ထမ်းထုတစ်ရပ်လုံးကို စိတ်ဓာတ်ခွန်အား မြှင့် တင်ပေးရန် ရည်ရွယ်၍ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကိုယ်တိုင် ရေးသားစပ်ဆိုထားသည့် စွမ်းအင်ဝန်ကြီးဌာန ဂုဏ်ပြုကဗျာကို တေးသံရှင် ဟေမာနေဝင်းက ဂုဏ်ပြုရွတ်ဆိုထားမှုအား ဖွင့်လှစ်ပြသပြီး အခမ်းအနားကို အောင် မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။