၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် နေ့တွင် စတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို (ဒုတိယ)အကြိမ်အဖြစ် ၁၄ ရက် ကပ်ထားကြေညာခဲ့ပြီး ဖြစ်ပါသည်။ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပြင်ဆင်၊ ဖြည့်စွက် စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ၂၃ - ၁၂ - ၂၀၂၅ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် ကပ်ထားကြေညာမည်ဖြစ်ပါသည်။
၂။ ရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့် မြို့နယ်များအတွက် ၂၃ - ၁၂ - ၂၀၂၅ ရက်နေ့မှ ၂၅ - ၁၂ - ၂၀၂၅ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများတွင်လည်းကောင်း၊ ၂၆ - ၁၂ - ၂၀၂၅ ရက်နေ့မှ ရွေးကောက်ပွဲကျင်းပမည့် ၂၈ - ၁၂ - ၂၀၂၅ ရက်နေ့ မဲပေးခြင်းပြီးဆုံးသည့် အချိန်အထိ သက်ဆိုင်ရာမဲရုံများတွင် လည်းကောင်း ကပ်ထားကြေညာမည်ဖြစ်ပါသည်။
၃။ ရွေးကောက်ပွဲအပိုင်း (၁) တွင်ပါဝင်သည့် မြို့နယ် ၁၀၂ မြို့နယ်မှအပ ကျန်မြို့နယ် များ [ ရွေးကောက်ပွဲများကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ကြေညာထားသည့် ( ၅၆ ) မြို့နယ်မပါ ] တွင် ၂၃ - ၁၂ - ၂၀၂၅ ရက်နေ့မှ ၅ - ၁ - ၂၀၂၆ ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထား ကြေညာမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်များအနေဖြင့် မိမိမဲစာရင်းအမှတ်စဉ်များ သိရှိမှတ်သားထားပါက ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံ၌ မဲစာရင်း စိစစ်လက်မှတ် ရေးထိုးချိန်တွင် အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် မဲစာရင်းလာရောက် ကြည့်ရှု၍ မိမိတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့် ပူးပေါင်း ကူညီဆောင်ရွက်နိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
