PDF အမည်ခံအကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များသည် တိုင်းပြည်တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှုများပျက်ပြားစေရန်နှင့် ဒေသခံပြည်သူ များ၏ လူမှုစီးပွားဘဝများ ချွတ်ခြုံကျဆင်းစေရန် ရည်ရွယ်၍ အများပြည်သူသွားလာ အသုံး ပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရား မဲ့စွာ ကျူးလွန်လုပ်ဆောင်လျက်ရှိကြသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၁၇ ရက် နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကန့်ဘလူ-စံပယ်နံ့သာကားလမ်းမိုင်တိုင်အမှတ် ၇ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြားရှိ တံတားအရှည် ၃၀ ပေ၊ အကျယ် ၂၇ ပေခန့်ရှိ သံကူကွန်ကရစ်တံတား အား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ပေါက်ကွဲမှုကြောင့် တံတားကြမ်းခင်း ၂ ပေ ပတ်လည်ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့် ယာဉ်များ ဖြတ်သန်းသွားလာမှု မရရှိစေရန် တံတားအား သစ်ကိုင်းများဖြင့် ပိတ်ဆို့ထားကြောင်း သိရှိရသည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က တံတားပျက်စီးမှုအား ပြုပြင်ကြပြီး ပိတ်ဆို့ထားသည့် သစ်ကိုင်းများကို ဖယ်ရှား ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၁၈ ရက် ညနေ ၄ နာရီတွင် တံတားပြုပြင်ခြင်း လုပ်ငန်းများပြီးစီးခဲ့ပြီး လူနှင့် ယာဉ်များပုံမှန်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် တံတားအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
PDF အမည်ခံ အကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် ကန့်ဘလူမြို့နယ်၊ ကန့်ဘလူ-စံပယ်နံသာကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားအား လုံခြုံရေးတပ်ဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့က ပြန်လည်ပြုပြင်ပြီးစီး နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၉
Friday, December 19, 2025 - 16:45
