လင်းခေးခရိုင်၊ဟိုမိန်းမြို့နယ်ရှိမဲရုံထားရှိမည့်နေရာ၊ မဲရုံလုံခြုံရေးဆောင်ရွက်ထားရှိမှု နှင့်အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေစမ်းသပ်မဲပေးမှုတို့အား   သွားရောက်ကြည့်ရှု့စစ်ဆေး ၂၀၂၅ ခုနှစ်၊  ဒီဇင်ဘာလ ၁၈ရက်

Thursday, December 18, 2025 - 16:30

                ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့ မြို့ပေါ်ရပ်ကွက်များနှင့် နားမွန်းလုံကျေးရွာ၊ မယ်အောကျေးရွာတို့၌ ၂၀၂၅ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲ အတွက် မဲရုံထားရှိမည့်နေရာနှင့် မဲရုံလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ် နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

                ဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လွှတ်တော်များအလိုက် မဲပုံးများထားရှိမည့်နေရာ၊မဲရုံမှူးများထားရှိမည့်နေရာ၊ မဲစာရင်းစစ်ဆေးသူနေရာ၊ MEVM စက်ကိုင်တွယ် သူနေရာ၊ အီလက်ထရောနစ် မဲပေးစက်များ (MEVM) ထားရှိမည့်နေရာနှင့် လုံခြုံရေးဆောင်ရွက်ရန် စီမံပြင်ဆင်ထားမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ တိုင်းမှူးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

                ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဒေသခံပြည်သူများက မဲရုံများ အလိုက် မြန်မာအီလက်ထရောနစ်(mevm) စက်များဖြင့် သရုပ်ပြလက်တွေ့စမ်းသပ် မဲပေးခြင်းများဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။