နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးရုံ တက်ရောက်ဆေးကုသမှုခံယူ လျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူစစ်(ဌာနေ) တပ်ဖွဲ့ဝင်များကို သွားရောက် ကြည့်ရှုအားပေးစကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို တစ်ဦးချင်းလိုက်လံကြည့်ရှု၍ ဒဏ်ရာရရှိမှု၊ ရောဂါ ဖြစ်ပွားမှုအခြေအနေများ၊ ဆေးဝါးကုသပေးထားမှု အခြေအနေများနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်လာမှု အခြေအနေများအား ရင်းရင်းနှီးနှီး လိုက်လံမေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်သည်။ ယင်းနောက်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့် ငွေများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖွဲ့ ဝင်များသည် မြစ်ကြီးနားမြို့ရှောင်လမ်းအတွင်း မော်တော်ယာဉ်များဖြင့် လိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ အိမ်ထောင်သည်လိုင်းခန်းတွင် ရဲမေများနှင့်တွေ့ဆုံ၍ တင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖွဲ့ ဝင်များသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရိပ်သာဧည့်ခန်းမ၌ ပြည်နယ်/ ခရိုင်/ မြို့ နယ်များမှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ၍ ပြည်နယ်အတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။
တွေ့ဆုံစဉ် ကချင်ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်က ပြည်နယ်အတွင်း ယခုနှစ် Grade-12 ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အောင်ချက်မြင့်မားရေး အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ဆွေးနွေးပြောကြားရာတွင် ယခုနှစ် ဖြေဆိုကြမည့် Grade-12 စာမေးပွဲနှင့် ပတ်သက်၍ ကချင်ပြည်နယ်၏ ယမန်နှစ် Grade-12 စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း သည် ၄၇ ဒသမ ၇၆ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက်ရာခိုင်နှုန်း အဆင့် ၁ ရရှိခဲ့ကြောင်း၊ ထို့ကြောင့် ယမန်နှစ်ရရှိခဲ့သည့် အဆင့်ထက် မလျော့ကျသွားအောင် ယခုနှစ်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ များကို ထူးချွန်အောင်မြင်စေရန်နှင့် အောင်ချက်ရာခိုင်နှုန်း ဆက်လက်မြင့်မားစေရေး၊ တန်းစဉ်ကူးပြောင်းမှုနှင့်ပတ်သက်၍ အတန်းအလိုက် နှစ်စဉ် အပြည့်အဝ တန်းစဉ်ကူး ပြောင်းနိုင် ရေး တာဝန်ရှိ သူများ၊ ဆရာ ဆရာမများနှင့် မိဘများက အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရန်၊ ထို့ပြင် ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူ များကို စာပေပညာသင်ကြားပေးရာတွင် တန်းစဉ်အလိုက် စာကြေအောင်၊ စာတတ်အောင် လေ့ကျင့်သင်ကြားပေးကြရန် လိုကြောင်းမှာကြားပြီး လိုအပ်သည် များကို ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြ ရန်လိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။



