ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်အစိုးရ၏ အမျိုးသားအဆင့်အွန်လိုင်းလိမ်လည်မှုအမြစ်ပြတ်နှိမ်နှင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ နေပြည်တော်၊ ၂၀၂၅  ဒီဇင်ဘာ  ၁၄

Sunday, December 14, 2025 - 07:30

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏   အမျိုးသားအဆင့်အွန်လိုင်း လိမ်လည်မှု အမြစ်ပြတ်နှိမ်နှင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍  သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒသကြီး၊ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ Studio A ၌ ကျင်းပပြုလုပ်ရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန် ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်   ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့်      တာဝန်ရှိသူများက သတင်းမီဒီယာများ၏    သိရှိလိုသည့် မေးမြန်းမှုများကို  ပြန်လည်ဖြေကြား ကြသည်။

ဦးစွာ   အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ  သတင်းထုတ်ပြန်ရေး အဖွဲ့  အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်း ထွန်းက Online လိမ်လည် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်နှင့်   မူဆယ်ဒေသ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်၊ KK Park နှင့် ကျောက်ခက်ဒေသ များတွင် အစိုးရအနေဖြင့် တိုက်ဖျက်နှိမ်နင်းဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍   Online လိမ်လည် လောင်းကစားသည့် လုပ်ငန်းများသည်  မြန်မာနိုင်ငံမှ စတင်ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ  မီဒီယာများမှတစ်ဆင့် အကြိမ်ကြိမ် ရှင်းလင်းတင်ပြခဲ့မှု အခြေအနေများ၊  မြန်မာနိုင်ငံ၏ နယ်စပ် ဒေသရှိ သောင်းကျန်းသူအဖွဲ့အစည်းများကြီး စိုးသည့် နယ်မြေများတွင် အခြေချပြီး Online လိမ်လည်လောင်းကစားလုပ်ငန်းများအား တရားမဝင် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားလုပ်ငန်းများအား ခွင့်ပြုထားခြင်း   လက်ခံထားခြင်းမရှိဘဲ နှိမ်နင်းရေးလုပ်ငန်းများတွင် နိုင်ငံတကာနှင့်တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုကြောင့် တပ်မတော်က နိုင်ငံတော်တာဝန် ရယူခဲ့မှုနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေး မတည်ငြိမ်မှု၊  အချို့သော EAO အဖွဲ့များက အကြမ်းဖက်ဆူပူသူများအား လက်နက်နှင့်  စစ်ပညာထောက်ပံ့ပြီး နယ်မြေလုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် ဆောင်ရွက်ခဲ့မှုတို့အပေါ် အခွင့် ကောင်းယူပြီး၊ လုံခြုံရေးအခြေ အနေယိုယွင်းလာမှုအပေါ် အခွင့်ကောင်းယူကာ အွန်လိုင်း လိမ်လည်မှု နေရာများ ပိုမိုများပြားလာသည့်အခြေအနေများ၊ ၂၀၂၂ ခုနှစ်အတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ဒေသ၌ Online လိမ်လည်လောင်းကစားမှုအပါ အဝင် အခြားသော တရားမဝင်လုပ်ငန်းများလုပ်ဆောင်ခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းများအား တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ Task Force ဖွဲ့စည်း၍ ပူးပေါင်းနှိမ်နင်းမှုများ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်ပြီး     Online လိမ်လည်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည့် နိုင်ငံခြား သားများအား သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့သည့် အခြေအနေများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာန၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်  တရုတ်နိုင်ငံပြည်သူ့ လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့ကြား သတင်းဖလှယ်မှုများ ဆောင်ရွက်ပြီး တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် အခြေအနေ များ၊ မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံအနေဖြင့်  မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင်   Online လိမ်လည် လောင်းကစားမှုကျူးလွန်ရန် အဓမ္မစေခိုင်းသည့့်ဖြစ်စဉ်များအား  သုံးနိုင်ငံနားလည်မှု ရှိရှိ သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှု(Trilateral Cooperation)ပုံစံ ထိထိရောက်ရောက် ပူးပေါင်း နှိမ်နင်းလျက်ရှိသည့်အခြေအနေများ၊ မြဝတီဒေသ၌ Online လိမ်လည်  လောင်းကစား မှုလုပ်ငန်းများနှင့်  ဒုစရိုက်လုပ်ငန်းများ   ပြန်လည်အခြေမချနိုင်စေရန် တရားမဝင် ဆောက်လုပ် ထားသည့်အဆောက်အဦများအား အပြီးတိုင် ဖြိုချဖျက်ဆီး ရှင်းလင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊    မြန်မာ နိုင်ငံအစိုးရအနေဖြင့်   Online လိမ်လည်မှု (Online Scam) Online လောင်းကစားမှု(Online Gambling) များအပေါ် ဆက်လက်လုပ်ဆောင်သွားမည့် မူဝါဒနှင့် နည်းလမ်းများ  စသည်တို့ကို  အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် က မြန်မာနိုင်ငံ၏ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေများအားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲ ဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် မူးယစ်ဆေးဝါး နှိမ်နင်ရေး ဆိုင်ရာအချက်အလက်များနှင့် ပတ်သက်၍ လည်းကောင်း  ရှင်းလင်းပြောကြားကြ သည်။

ယင်းနောက် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများ အပေါ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် တာဝန်ရှိ သူများက     ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး  သတင်း စာရှင်းလင်းပွဲကိုရုပ်သိမ်းခဲ့ သည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက ခင်းကျင်းပြသထားသည့် အွန်လိုင်း လိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ဖမ်းဆီးရမိပစ္စည်းများနှင့် မှတ်တမ်း ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ     သတင်းစာရှင်းလင်းပွဲသို့     အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှသံအမတ်ကြီးများနှင့်တာဝန်ရှိသူများ၊  ဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စား လှယ်များ၊  ပြည်တွင်းသတင်းဌာနများ၊   နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်း ဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပ သတင်းဌာနမှ သတင်းထောက်များ တက်ရောက် သတင်း ရယူခဲ့ကြောင်း သတင်းရရှိသည်။