ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၀)သို့ တက်ရောက်ကြမည့် ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာ များအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်မှူးများနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ သွားရောက်တွေ့ဆုံကြသည်။
ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက အမှာစကားများ အသီးသီးပြောကြားကြပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ နှင့် အသုံးဆောင်ပစ္စည်းများ ပေးအပ်ကြသည်။ ထို့နောက် တိုင်းဒေသကြီးနှင် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ နှင့် တာဝန်ရှိသူများက နိုင်ငံ့သားကောင်းရတနာများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။



