၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲနှင့် မြန်မာအီလက်ထရော နစ်မဲပေးစက် (MEVM)ဆိုင်ရာ (ဒုတိယအကြိမ်) အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင် ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ ၊ မန္တလေး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်းရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ဆိုင်ရာအချက်အလက်များနှင့် မဲပေးစက် အသုံးပြုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ မဲပေးခြင်းဆိုင်ရာရည်ရွယ်ချက်များ၊ အသုံးပြုပုံနည်းစနစ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
၎င်းနောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)တွင် လက်တွေ့သရုပ်ပြစမ်းသပ် မဲပေးကြပြီး သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
