Friday, December 12, 2025 - 03:45
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့နယ်အတွင်းရှိ မြစ်ငယ်ရပ်ကွက်နှင့်အောင်မင်္ဂလာ ရပ်ကွက်များ၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံထား ရှိမည့်နေရာများအား ယနေ့ညနေပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့်အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု့စစ်ဆေး သည်။
ဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူးနှင့် တာဝန်ရှိ သူများက လွှတ်တော်များအလိုက် မဲပုံးများထားရှိမည့် နေရာ၊ မဲရုံမှူးများထား ရှိမည့် နေရာ၊ မဲစာရင်းစစ်ဆေးသူနေရာ၊ MEVMစက် ကိုင်တွယ်သူနေရာ၊ အီလက်ထေရာ နစ်မဲပေးစက်များ(MEVM)ထားရှိမည့် နေရာတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
