ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံအား တပ်မတော်၏တိုက်ခိုက် မှုကြောင့် အဆိုပါနေရာတွင် တက်ရောက်ကုသလျက်ရှိသည့် အပြစ်မဲ့အရပ်သား ပြည်သူများ ထိခိုက်သေဆုံးခဲ့သည်ဟု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ ကြောင်း တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA အကြမ်းဖက်သောင်း ကျန်းသူများတို့အကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ဒေသအချို့အား တပ်မတော်မှခေတ္တဆုတ်ခွာပေးခဲ့သည်။ အလားတူ မြောက်ဦးဒေသ တစ်ဝိုက်တွင်လည်း တပ်မတော်နှင့် AA အကြမ်းဖက်သောင်းကျန်းသူတို့အကြား အပြင်းအထန်တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် အဆိုပါမြောက်ဦး ဒေသအား AA အကြမ်းဖက်သောင်းကျန်းသူများက ယာယီထိန်းချုပ်ခဲ့သဖြင့် နိုင်ငံတော်အစိုးရမှ တရားဝင်ခန့်အပ်ထားရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆေးရုံမှ ဆရာဝန်များ၊သူနာပြုများအနေဖြင့် တိုက်ပွဲအတွင်းပိတ်မိမှုမရှိစေရေး ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်ခဲ့ကြသဖြင့် နိုင်ငံတော်အစိုးရမှ တရားဝင်ပိတ်သိမ်းထားသည့် ဆေးရုံဖြစ်ပြီး အဆိုပါနေရာအား AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ခိုအောင်းအခြေပြုပြီး ဆေးရုံ၏အသွင်အပြင်အဖြစ် အကာအကွယ်ယူ၍ဖွင့်လှစ် ထားသည့် စစ်စခန်းတစ်ခုအဖြစ် အခြေပြုအသုံးပြုနေသည့် အဆောက်အဦများသာ ဖြစ်ကြောင်း ခိုင်လုံသောအမာခံသတင်းအရ သိရှိရသည်။
AAနှင့် ဒေသခံ PDF ၊ BPLA ၊ အရှိုချင်း စသည့်အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများအနေဖြင့် အဆိုပါနေရာအား ဆေးရုံ၏အသွင်အပြင် အဖြစ် အခြေပြုထားသော စစ်စခန်းအဖြစ် အသုံးပြုနေသည့်အပြင် ၎င်းတို့အဖွဲ့များ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအားလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်စခန်းအဖြစ် အခြေပြုနေသော နေရာအတွင်း လိုအပ်သော အုပ်ချုပ်မှုကိစ္စရပ်များဆောင်ရွက်ရန် ဒေသခံ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ယုံကြည်စိတ်ချရသော မိသားစုဝင် များကို တာဝန်ပေးစေခိုင်းလျက်ရှိကြောင်းကို ဒေသခံရခိုင် တိုင်းရင်းသားများ၏ သတင်းပေးပို့မှုအရလည်း သိရသည်။
ထိုသို့ AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် လက်ခံနိုင်ခြင်းမရှိကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ တိကျသည့် သတင်း ပေးပို့မှုကြောင့် တပ်မတော်က လိုအပ်သည့်စိစစ်မှုများဆောင်ရွက်ကာ AA အကြမ်းဖက် သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများမှ ၎င်းတို့အခြေပြုထားသော စစ်စခန်းအဖြစ်အသုံးပြုသည့် အဆိုပါအဆောက်အဦများကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter Terrorism Operation) ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
လူမှုကွန်ရက်စာမျက်နှာများပေါ်ရှိ ၎င်းအကြမ်းဖက်သောင်းကျန်းသူများ ရေးသား ဖြန့်ဝေထားသည့် ဓာတ်ပုံအထောက်အထားများအရ ၎င်းတို့အဖွဲ့မှ ဒဏ်ရာရရှိ သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေမှု၊ သေဆုံးသူများအတွက် ဝမ်းနည်း ကြောင်း ရေးသားဖော်ပြမှုများကို တွေ့ရှိရပြီး အထက်ပါဖြစ်စဉ်တွင် သေဆုံး၊ ဒဏ်ရာရရှိ သူများမှာ ပြည်သူများမဟုတ်ဘဲ AA ၊ BPLA ၊ ဒေသခံPDF ၊ အရှိုချင်း စသည့် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စစ်စခန်းအဖြစ် အခြေပြုနေသော နေရာ အတွင်း လိုအပ်သော အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ဒေသခံ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ယုံကြည်စိတ်ချရသော မိသားစုဝင်များကို တာဝန်ပေးထားသူများအပြင် ၎င်းတို့ကို ထောက်ခံအားပေးသည့် အမာခံများသာ ဖြစ် သည်ဟု သိရှိရကြောင်းနှင့် တပ်မတော်အနေဖြင့် လိုအပ်သည့် အကြမ်းဖက်ချေမှုန်း ရေးစစ်ဆင်ရေးကို (Rules of Engagement - ROE)နှင့်အညီ လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့