ကာကွယ်ရေးဦးစီးချုပ်(ရေ)ဦးဆောင်သည့် မြန်မာ့တပ်မတော်(ရေ)ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတကာရေကြောင်းဆိုင်ရာ ကာကွယ်ရေးပြပွဲတက်ရောက်၊ ရုရှားရေတပ်ဦးစီးချုပ် နှင့်တွေ့ဆုံ နေပြည်တော်၊ ဇွန် - ၂၄

Thursday, June 24, 2021 - 19:30

ကာကွယ်ရေးဦးစီးချုပ်(ရေ)ဦးဆောင်သည့် မြန်မာ့တပ်မတော်(ရေ)ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတကာရေကြောင်းဆိုင်ရာ ကာကွယ်ရေးပြပွဲတက်ရောက်၊ ရုရှားရေတပ်ဦးစီးချုပ် နှင့်တွေ့ဆုံ

နေပြည်တော်၊ ဇွန် - ၂၄

         နိုင်ငံတကာရေကြောင်းဆိုင်ရာကာကွယ်ရေးပြပွဲ(International Maritime Defence Show (IMDS-2021)) ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Saint Petersburg မြို့၌ ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သည့် မြန်မာ့တပ်မတော်(ရေ)ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ကြ သည်။

         ဦးစွာ မြန်မာ့တပ်မတော်ရေကိုယ်စားလှယ်အဖွဲ့သည် အခြားဖိတ်ကြားထား သည့် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ တပ်မတော်(ရေ)ကိုယ်စားလှယ်များနှင့်အတူ (International Maritime Defence Show (IMDS-2021)) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

         ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်သည် ရုရှားရေပတပ် ဦးစီးချုပ် Admiral Nikolai Yevmenov နှင့်တွေ့၍ နှစ်နိုင်ငံရေကြောင်း ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ် များအား အမြင်ခြင်းဖလှယ်ဆွေးနွေးကြသည်။ တွေ့ဆုံပွဲအပြီးတွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့် ရုရှားရေတပ်ဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

         ထို့အပြင် မြန်မာ့တပ်မတော်(ရေ)ကိုယ်စားလှယ်အဖွဲ့သည် JSC “ Almaz-Antey’’ ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် ကာကွယ်ရေးပစ္စည်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။