မြန်မာနိုင်ငံဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ကုလသမဂ္ဂ အပါ အဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဘိန်းခင်းများ ဖျက်ဆီးမှုကို လည်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနတို့အပါအဝင် ဆက်စပ်ဦးစီးဌာနများပါဝင်သော ပူးပေါင်းအဖွဲ့များ၊ နယ်မြေခံ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဒီဇင်ဘာ ၉ ရက်နှင့် ယနေ့တို့တွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင် မြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ လုံအောင်ကျေးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခန့် အကွာရှိ အမြင့် ၂ ပေခွဲ သီးပွင့်ဆဲ ဘိန်းခင်း ၃၅ ဧကအား လည်းကောင်း၊ စံဖူးကျေးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာရှိ အမြင့် ၃ ပေခွဲ၊ သီးပွင့်ဆဲ ဘိန်းခင်း ၂၅ ဧက အားလည်းကောင်း၊ တောင်နောက်ကျေးရွာအုပ်စု၊ တောင်နောက်ကျေးရွာ၏ အနောက် တောင်ဘက် ၃ မိုင်ခန့်အကွာရှိ အမြင့် ၃ ပေ သီးပွင့်ဆဲ ဘိန်းခင်း ၃၀ ဧကနှင့် ကျေးရွာ၏ အနောက်ဘက် ၃ မိုင် ၄ ဖာလုံခန့်အကွာရှိ အမြင့် ၃ ပေ သီးပွင့်ဆဲ ဘိန်းခင်း ၂၅ ဧက အားလည်းကောင်း၊ စုစုပေါင်းဘိန်းခင်း ၁၁၅ ဧကတို့အား သွားရောက်ဖျက်ဆီးခဲ့ကြောင်း နှင့် ဘိန်းခင်း ဖျက်ဆီးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။






