၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမှုကိုပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၄၀)ရပ်ကွက်နေ ကျော်မင်းဦး (၄၁)နှစ်သည် ၎င်းအသုံးပြုသည့် “Kyaw Min Oo” Facebook အကောင့်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား အများပြည်သူ အထင်အမြင် လွဲမှားစေရန် လူမှုကွန်ရက်စာမျက်နှာ၌ Live လွှင့်ပြောကြားခဲ့သဖြင့် ဖော်ထုတ် ဖမ်းဆီးပြီး ကျော်မင်းဦး အား ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၈၄၃/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း၊
အလားတူ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အစုကြီး ကျေးရွာဘုရားလမ်းထိပ်၌ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဆိုင်းဘုတ်အား အဆိုပါကျေးရွာနေ သန်းကြိုင်စိုး(ခ)ကိုပု (၃၉)နှစ်မှ ဖျက်ဆီးခဲ့သဖြင့် သန်းကြိုင်စိုး(ခ)ကိုပုအား ဒီဇင်ဘာလ ၅ ရက်နေ့တွင် တက်သစ်နယ်မြေရဲစခန်း (ပ)၈၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း၊
အလားတူ ဒီဇင်ဘာလ ၅ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဇ)ရပ်ကွက်၊ သုဓမ္မ လမ်းမကြီးနှင့် ဥဇ္ဇနာလမ်းထောင့်၌ တစ်သီးပုဂ္ဂလပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသည်ကို တွေ့ရှိရသဖြင့် ဖျက်ဆီးသွားသူအား စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါရပ်ကွက်နေ အောင်မျိုးဇော်(ခ)မျောက်ကြီး (၃၅)နှစ် ဖြစ်ကြောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ဒီဇင်ဘာလ ၅ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ)၄၄၈/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း အမှုဖွင့်ဖမ်းဆီးပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်မြိုင် (၅၉)နှစ်သည် နေအိမ်၌ ရှိနေစဉ် KIA လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ဝင် ၃ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန် ခြိမ်းခြောက်တားမြစ်ခဲ့သဖြင့် ၎င်းသောင်းကျန်းသူ (စိစစ်ဆဲ) ၃ ဦးအား ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရွှေကူမြို့မရဲစခန်း (ပ)၁၁/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း၊
အလားတူ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို အများပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသားထားသည့် စာသားများအား “Thandar Oo” Facebook အကောင့်မှ ပြန်လည်မျှဝေလွှင့်တင်ထားသည်ကို တွေ့ရှိရသဖြင့် ၎င်းအကောင့်ပိုင်ရှင်အား စိစစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နေ ဒေါ်သန္တာဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တာမွေမြို့မရဲစခန်း (ပ)၃၆၂/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း၊
အလားတူ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ ကံသာ ရပ်ကွက်၊ တိန်နန်းတံတားအနီး၌ ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသွားသူ (စိစစ်ဆဲ)အား ဒီဇင်ဘာလ ၃ ရက်နေ့တွင် ညောင်ရွှေမြို့မရဲစခန်း (ပ)၁၁၄/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ များကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း၊
အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ အောင်ပင်သာကျေးရွာ၊ ပေါင်းတည်-တာပွန် သွားကားလမ်းဘေး၌ ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဆိုင်းဘုတ်အား မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသဖြင့် ကျူးလွန်သူ အား စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါကျေးရွာနေ မင်းဇော်သိန်း (၄၂)နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား တာပွန်နယ်မြေရဲစခန်း (ပ)၈၁/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(ခ) ဖြင့် လည်းကောင်း၊
အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၁ နာရီ ၅ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ ခုနှစ်မိုင်ကျေးရွာနေ ရပ်/ကျေးစာရေး ဒေါ်မိုးမိုးအောင်(ခ)မမိုး (၆၁)နှစ်သည် နေအိမ်၌ရှိနေစဉ် သေနတ် ကိုင်ဆောင်ထားသူ အမျိုးသား ၄ ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး မဲစာရင်းစာရွက်ထုပ်အား ခြိမ်းခြောက် တောင်းယူ၍ ဖမ်းဆီးခေါ်ဆောင်သွားကာ တောတွင်းအရောက်၌ မဲစာရင်းများအား မီးရှို့ဖျက်ဆီးပြီး ၎င်းအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား မပြုလုပ်ရန် ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် အဆိုပါ အမျိုးသား ၄ ဦး(စိစစ်ဆဲ)အား ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဟိုပင်နယ်မြေရဲစခန်း (ပ)၄၀/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄(ခ) ဖြင့် လည်းကောင်း၊
အလားတူ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသားစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ လမ်း ၃၀ နှင့် ၇၁ လမ်းထောင့်၌ ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူ ထားသည့် ဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသွားသူ (စိစစ်ဆဲ)အား နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်း (ပ)၁၉၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း၊
အလားတူ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ လွှဇာ ကျေးရွာ ရွာလယ်လမ်းဆုံ၌ ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူ ထားသည့် ဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသွားသူ (စိစစ်ဆဲ)အား ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြင်စလူနယ်မြေရဲစခန်း (ပ)၅၂/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း၊
အလားတူ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ တခွက်ဖိုးကျေးရွာ၊ ရွာလယ်ဘုန်းကြီးကျောင်းအနီး ဘားအံ-မြိုင်ကြီးငူသွား ကားလမ်းဘေး၌ ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသွားသူ (စိစစ်ဆဲ)အား ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရွှေဂွန်းနယ်မြေရဲစခန်း (ပ)၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း၊
အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့တွင် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို အများပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသားထားသည့် စာသားများအား “ထိန်လင်း” Facebook အကောင့်မှ ပြန်လည်မျှဝေလွှင့်တင်ထားသည်ကို တွေ့ရှိရသဖြင့် ၎င်းအကောင့်ပိုင်ရှင်အား စိစစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ ထိန်လင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဗိုလ်တထောင်မြို့မရဲစခန်း(ပ)၆၉၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း၊
အလားတူ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက်၊ ၂၉ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြား၌ ဆန့်ကျင်စာများ ကြဲချခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တေဇာဆန်း၊ ခန့်ဝေဖြိုး၊ နန်းလင်း၊ ထက်မြတ်အောင်၊ မေချီ (ခ) ချီချီ၊ မရွှန်း (ခ) ရွှန်းရွှန်းနှင့် အမျိုးသား ၄ ဦး(စိစစ်ဆဲ)တို့သည် ၂၉ လမ်းအတိုင်း ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး ၂၉ လမ်းနှင့် ၈၄ လမ်းထောင့်အရောက်၌ ၈၄ လမ်းနှင့် ၈၅ လမ်းကြားအတွင်း လမ်းလျှောက်သွားကာ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား အများပြည်သူအထင်အမြန်လွှဲမှားစေရန် အော်ဟစ်ကာ ရွေးကောက်ပွဲအား ဆန့်ကျင်ရေးသားထားသည့် စာရွက်များအား ကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တေဇာဆန်းပါ ၁၀ ဦးတို့အား ဒီဇင်ဘာလ ၃ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၆) နယ်မြေရဲစခန်း(ပ)၇၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(ခ)ဖြင့် လည်းကောင်း၊
အလားတူ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ ကုန်သည်လမ်းနှင့် ၂၉ လမ်းထောင့်၌ ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲမဲဆွယ် စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသွားသူ (စိစစ်ဆဲ)အား ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၁၀၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း၊
အလားတူ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အင်းခေါင်းကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသွားသူ(စိစစ်ဆဲ)အား ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဟဲဟိုးနယ်မြေရဲစခန်း (ပ)၆၈/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ထိရောက်စွာဖမ်းဆီးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။