တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ မြင်းကကုန်းကျေးရွာသို့ ရောက်ရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၉

Tuesday, December 9, 2025 - 17:15

တပ်မတော်မြစ်တွင်းသွားဆေးရုံရေ ယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့် အတူ ဘိုကလေးမြို့နယ်သို့ ရောက်ရှိနေသည့် တပ်မ‌တော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည်  ယနေ့မွန်းလွဲပိုင်း တွင် ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာသို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဘိုကလေးမြို့နယ်၊ မြင်းကကုန်း ကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ အခြေပြု၍ အဆိုပါမြို့နယ်နှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၁၅၀ ဦး၊ ခွဲစိတ်ရောဂါ ၁၉ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၅ ဦး၊ ကလေးရောဂါ ၁၃ ဦး၊ အရိုးရောဂါ ၁၂၀ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ  ၄၀ ဦး၊ မျက်စိရောဂါ ၁၃၄ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၄ ဦး၊ စုစုပေါင်းဒေသခံပြည်သူ ၅၃၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ၄င်းတို့အနက်    အထွေထွေခွဲစိတ်လူနာ ၃ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၉ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေး လူနာ ၅၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၁ ဦး တို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

အဆိုပါ တပ်မတော်နယ်လှည့်အထူကုဆေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးရန်အတွက် ရောက်ရှိနေခြင်းဖြစ်ပြီး ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည် -

အင်တာဗျူး (1)

ကျွန်မနာမည်ကဒေါ်သင်းသင်းခိုင်ပါ။ မျက်စိကအကြည့်အပြု အနေအထိုင်မကောင်းလို့ လာပြီးတော့ အခုတပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့တွေလာလို့ လာပြတာပါ။ အရင်တုန်းက မျက်လုံး တစ်ဖက်ခွဲဖူးပါတယ်။ ခွဲစိတ်ခန်းထဲမှာ မျက်စိကိုအောက်ကိုစိုက်ပြီးတော့ ကြည့်ပါလို့ပြောတာ ကိုယ်ကကြည့်တော့ကြည့်တယ်။ ပုံမှန်အနေအထားကကြည့်ပြီးတော့ မမှန်ဘူးဖြစ်နေတယ် ကြည့်လိုက် မကြည့်လိုက် အဲဒီလိုတွေဖြစ်ပြီးတော့ ရင်ထဲမှာလှပ်လှပ် လှပ်လှပ်နဲ့တုန်နေတာ ကြောက်ပြီးတော့ နှလုံးတွေတအားခုန်ပြီးကြောက်နေတယ်။  ဘာမှ မဖြစ်ဘူးတဲ့။ ဒီနှစ်ရက်သုံးရက်ဆိုကောင်းမယ်တဲ့ဆိုတော့ ဝမ်းသာတာပေါ့။ ကိုယ့်မှာ ငွေကြေးပမာဏ မတတ်နိုင်တဲ့အတွက် အခုတပ်မတော်နယ်လှည့် ဆေးကုသရေး အဖွဲ့တွေ လာရောက်ပြီး တကူးတကကြီး တစ်မြို့နဲ့တစ်မြို့လာပြီးတော့ ခွဲပေးတယ်ဆိုတော့ ကိုယ်က အထူးကျေးဇူးတင်တာပေါ့နော်။ ကျေးဇူးတင်ပါတယ်။ ကိုယ့်မျက်စိတွေ ကောင်းသွားတဲ့အတွက် ဆရာ၊ဆရာမ တို့ကိုလည်း အမြဲတမ်းဆုတောင်းပေးနေမှာပါ။

အင်တာဗျူး (2)

ကျွန်မနာမည်ကဒေါ်မေဝန်းရီပါ။ ဒီမြင်းကကုန်းမှာပဲတာဝန်ကျတဲ့ အလယ်တန်းပြဆရာမ တစ်ဦးပါ။ ကျွန်မကအေးတဲ့အချိန်မှာ နှာခေါင်းပိတ်လာတဲ့အတွက်ကြောင့်မို့လို့ တပ်မတော် နယ်လှည့်ဆေးကုသအဖွဲ့ရှိတယ်ဆိုတာနဲ့ ကျွန်မတို့ ဒီကိုလာပြရခြင်းဖြစ်ပါတယ်။ ဗိုလ်ကြီး တွေက အရမ်းလည်း သဘောကောင်းပါတယ်။ ပေးတဲ့ဆေးတွေကလည်း ဆရာမ ဒီဆေးက တအား ဈေးလည်းကြီးတယ်။ ဆေးအကောင်းလေးတွေပေးလိုက်ပါ။ သောက်ပါလို့လည်း ဂရုတစိုက်နဲ့ လုပ်ပေးပါတယ်။ ကျွန်မတို့ရွာအထိလာပြီးတော့ တပ်မတော် နယ်လှည့်ဆေးကုသ အဖွဲ့လာကုသပေးတဲ့အတွက် အဝေးကြီးသွားစရာမလိုဘူး။ ဒီမျက်စိ ခွဲစိတ်တဲ့လူနာတွေ ဆိုလို့ရှိရင် အဝေးကြီးမသွားရဘူး။ ပိုက်ဆံတွေအများကြီး ကုန်ကျစရာမလိုဘဲနဲ့ ကိုယ့်ရွာမှာတင် ပဲ အကုန်လုံးအားလုံး ပြည့်စုံအောင် ကုသပေးတာဖြစ်ပါတယ်။ ကျွန်မတို့ရွာကိုယ်စား ကျွန်မတို့ ကျောင်းရော၊ ကျွန်မတို့ရွာရော၊ ပြည်သူလူထုအကုန်လုံးက တပ်မတော်နယ်လှည့်ဆေးကုသ အဖွဲ့ကို နောက်တစ်ခေါက်လည်း လာရောက်ကုသပေးပါဦးလို့ ကြိုဆိုလျက်ပါလို့ ပြောချင်ပါ တယ်။ အထူးလည်း ကျေးဇူးတင်ရှိပါတယ်။