ပျဉ်းမနားအရှေ့ခြမ်းတောင်ပေါ်ဒေသရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ နေပြည်တော်၊ ဇွန် - ၂၄

Thursday, June 24, 2021 - 15:30

ပျဉ်းမနားအရှေ့ခြမ်းတောင်ပေါ်ဒေသရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ဇွန် - ၂၄

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားအရှေ့ခြမ်းတောင်ပေါ်ဒေသရှိ ပြဒါး ချောင်း၊ မြသီတာ၊ ဘို့မအထက်၊ အောင်ဘိသိတ်၊ ဝေသာလီ၊ ဆိတ်ဖူးတောင်၊ ကိုးရွာ ကျေးရွာများနှင့် ဂမုန်းတောင်ကျေးရွာတို့မှ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ဇွန် ၂၃ ရက်နှင့် ယနေ့တို့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် နှင့် အဖွဲ့ဝင်များက နယ်မြေခံတပ်ခန်းမနှင့် ကျေးရွာတို့၌ သွားရောက် တွေ့ဆုံသည်။

တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားများပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင် များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်နှင့် သာပေါင်းမြို့နယ်များရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမ၌တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။