နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ညစာစားပွဲ အခမ်းအနားသို့ တက်ရောက် နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၈

Monday, December 8, 2025 - 16:00

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၈

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ညစာစားပွဲအခမ်းအနား ကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် ဇနီး  တက်ရောက်သည်။

          အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ နိုင််ငံခြားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာ၀န်ခံများ၊  ကုလသမဂ္ဂ ဆိုင်ရာဌာနေ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများ ကို မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ သံရုံးတာဝန်ခံ  Mr.Ahmad Ali R.A. AL-Marri နှင့် တာ၀န်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်သီချင်းနှင့် ကာတာနိုင်ငံ တော် သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ကြပြီး ကာတာနိုင်ငံ သံရုံးတာဝန်ခံက  နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ကာတာနိုင်ငံ  သံရုံးတာဝန်ခံတို့သည် အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် တက်ရောက်လာကြသူများအား ကာတာနိုင်ငံ သံရုံးတာဝန်ခံက ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။