တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ  တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ဘိုကလေးမြို့နယ်သို့ ရောက်ရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၇

Sunday, December 7, 2025 - 15:00

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေ ယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မ‌တော်မှ ပါရဂူ များ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည်  ယနေ့မွန်းလွဲပိုင်းတွင် ဘိုကလေးမြို့နယ်သို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ က သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဘိုကလေးမြို့နယ်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ အခြေပြု၍ အဆိုပါမြို့နယ်နှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၃၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၁၅၀ ဦး၊ ခွဲစိတ်ရောဂါ ၂၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၃ ဦး၊ ကလေးရောဂါ ၂၆ ဦး၊ အရိုးရောဂါ ၁၀၀ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ  ၄၀ ဦး၊ မျက်စိရောဂါ ၁၁၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၄င်းတို့အနက်    အထွေထွေခွဲစိတ်လူနာ ၄ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၇ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေး လူနာ ၂၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၉ ဦး တို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက် ပေးကြသည်။

 ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည် -

၁။      ကျွန်မနာမည် အိအိထွန်းပါ။ ကျွန်မကနေပြီးတော့ ဘိုကလေးမြို့ (၅)ရပ်ကွက်ကနေ လာပြခြင်းဖြစ်ပါတယ်။ သားဖွားမီးယပ်လာပြတာပါ။ ဆရာဝန်တွေကရော အစစအရာရာ အကုန်လုံးအဆင်ပြေအောင်လုပ်ပေးပါတယ်။ အခုလိုမြစ်တွင်းပေါ့နော် ရွှေပုဇွန်ရေယာဉ် ကနေအခုလို လာရောက်ကုသပေးတဲ့အတွက် ကျွန်မတို့ဒေသခံတွေနဲ့ပေါ့နော် အရမ်းကို ကျေးဇူး တင်မိပါတယ်။ အခုလိုမျိုးလာရောက်ကုသပေးတဲ့အတွက် ကျွန်မတို့ ရန်ကုန်တွေ မသွားရဘဲနဲ့ ဒီမှာတင်အခမဲ့လာရောက်ကုသပေးတဲ့အတွက် ဆရာတို့ပါရဂူအဖွဲ့ကို လည်း အရမ်းကိုကျေးဇူးတင်မိပါတယ်။ မြို့သူမြို့သားတွေကိုယ်စား ကျွန်မတို့က လှိုက်လှိုက်လှဲလှဲ ကို ကြိုဆိုပါတယ်လို့ ဆရာတို့ကို။ အခွင့်အခါသင့်ရင် လာရောက်ပြီးတော့ ဒီလိုပဲ ဆေးကုသ မှုတွေ အခမဲ့ ဒီလိုပေးပေးပါဦးလို့ ကျေးဇူးတင်စကားပြောချင်ပါတယ်။

၂။       ကျွန်မနာမည်ကတော့မရတနာမျိုးဖြစ်ပါတယ်။ ကျွန်မကဒီမှာမျက်လုံးနဲ့ပတ်သက်ပြီး တော့ ခေါင်းလည်းနည်းနည်းကိုက်တယ်၊ မျက်ရိုးတွေလည်းကိုက်တဲ့အတွက်ကြောင့်မို့လို့ ဒီမှာလာပြီးပြတဲ့အခါမှာ ပါဝါပြန်ပြီးတော့စစ်မယ်။ ပြီးရင် မျက်စိအတွက် ဆေးတစ်ပတ် သောက်ရမယ်၊ သောက်ပြီးရင်ပါဝါပြန်စစ်တဲ့အခါမှာတော့ ပြန်ပြီးတော့ ကောင်းမွန်လာနိုင် တယ်။ ဒီအာရုံကြောအားနည်းတဲ့ပုံစံမျိုးဖြစ်တယ်။ ပြီးရင် မျက်လုံးကတော့ကောင်းတယ်၊ ပါဝါလေးပြန်စစ်လိုက်ရင် အဆင်ပြေသွားမယ်ဆိုပြီးတော့ပြောပါတယ်။ အခုလိုမျိုးလာပြီး လှည့်လည်ပြီးတော့ အခမဲ့ လာရောက်ကုသပေးတဲ့ကုသပေးတဲ့အတွက်ကြောင့်မို့လို့ ကျေးလက်နေပြည်သူတွေအနေနဲ့ကျတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့အသိပညာ အခွင့် အလမ်းတွေ အများကြီးရရှိနိုင်ပါတယ်။ ကလေးအထူးကု ဆရာဝန်ပါတယ် ၊ ခွဲစိတ်အထူးကု ဆရာဝန်ပါတယ်၊ အရိုးအကြောနဲ့ပတ်သက်တာ၊ မျက်လုံး၊ အထွေထွေ ပြီးသွားလို့ရှိရင် အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ သားဖွားနဲ့မီးယပ် ဆရာဝန်တွေအများကြီးလာတဲ့ အတွက်ကြောင့်မို့လို့လည်း ဒေသခံတွေအနေနဲ့ကျတော့ ဒါသူတို့ရဲ့ကျန်းမာရေးတွေကို ဆေးရုံဆေးခန်းတွေကို တကူးတက သွားရောက်စရာမလိုဘဲနဲ့ ဒီတစ်နေရာတည်းမှာ ကဏ္ဍပေါင်းစုံးကိုကုသနိုင်တဲ့အတွက်ကြောင့်မို့လို့ သူတို့ အတွက်လည်းအထောက်အကူတွေ အများကြီးဖြစ်ပါတယ်။ အခုလိုမျိုးလာရောက်ကုသပေးတဲ့ ဒီနယ်လှည့်ဆေးကုသရေးအဖွဲ့ (ရွှေပုဇွန်)နဲ့ ဆရာကြီးတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ကျွန်မတို့လဘိုကလေးမြို့ လေးကိုလာပြီးတော့ ဒီလိုမျိုး ကုသပေးတဲ့အတွက် ကြောင့်မို့လို့ ဒီကျေးလက်နေပြည်သူ တွေရဲ့ ကျန်းမာရေးအခွင့်အလမ်းတွေအများကြီး ရရှိအောင်ပြုလုပ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်။