နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ထံသို့ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sihasakm Phuangketkeow ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံမှု ပိုမို တိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရန် ဥပဒေနှင့်အညီ အလေး ထားဆောင်ရွက်နေမှုနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sihasakm Phuangketkeow၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

