မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာများ၌ Door to Door ဆောင်ရွက်နေသည့် အခြေအနေများအား လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ - ၆

Sunday, December 7, 2025 - 03:00

 ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင် ခြင်းဖြစ်သည့်အတွက် မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိရေး၊ အသက် (၁၈)နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ဒေသခံပြည်သူများ မဲစာရင်းမှန်ကန်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာများအလိုက်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှု ရှိစေရေး Door to Door စနစ်ဖြင့် မြေပြင်တစ်အိမ်တက်ဆင်း၍ လိုက်လံကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ်(၁၂)ရပ်ကွက်၊ အမှတ်(၁၉)ရပ်ကွက်၊ နောင်ချိုမြို့ နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ ကာလိမြို့ရှိ ဟိုပန်ကျေးရွာ၊ နမ့်စန်မြို့ နယ်၊ နမ့်စန်ကျေးရွာအုပ်စုရှိ အမှတ်(၁)ကျေးရွာ၊ မိုင်းနောင်မြို့ရှိ နားကန်းကျေးရွာတို့၌ လည်းကောင်း Door to Door စနစ်ဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းမဲစာရင်းတိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်ကြ သည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး ရပ်ကွက်/ကျေးရွာများ အလိုက်ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို မေးမြန်းကာ မဲဆန္ဒရှင်ပြည်သူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။