တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ             တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ မော်လမြိုင်ကျွန်းမြို့နယ်သို့ ရောက်ရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၅

Friday, December 5, 2025 - 17:15

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ             တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ မော်လမြိုင်ကျွန်းမြို့နယ်သို့ ရောက်ရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၅

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေ ယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မ‌တော်မှ ပါရဂူ များ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည်  ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်ကျွန်းမြို့နယ်၊ ရွာသစ်ကျေးရွာမှ ပြန်လည်ထွက်ခွာ၍ မွန်းလွဲပိုင်းတွင် မော်လမြိုင်ကျွန်းမြို့နယ်သို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်း ဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ သမ္မာသမ္ဗုဒ္ဓ မြို့ဦးစေတီတော်ဝန်းအတွင်းရှိ မြို့နယ်သံဃနာယကရုံး၌ အခြေပြု၍ အဆိုပါမြို့နယ်နှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၈၅ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၂၀၉ ဦး၊ ခွဲစိတ်ရောဂါ ၁၇ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၆ ဦး၊ ကလေးရောဂါ ၁၈ ဦး၊ အရိုးရောဂါ ၇၉ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ  ၄၀ ဦး၊ မျက်စိရောဂါ ၅၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၄င်းတို့အနက် ဓာတ်မှန်ရိုက် လူနာ ၁၇ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေး လူနာ ၂၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၀ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည် -