တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၅

Friday, December 5, 2025 - 17:15

တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်း မြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ကိုကိုးကျွန်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၁၅ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၁၀၁ ဦး၊ ခွဲစိတ်ရောဂါ ၆၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၅ ဦး၊ ကလေးရောဂါ ၃၅ ဦး၊ အရိုးရောဂါ ၈၁ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၃၇ ဦး၊ မျက်စိရောဂါ ၁၀၁ ဦး၊ သွားနှင့်ခံတွင်းရောဂါ ၈၁ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက်   အထွေထွေခွဲစိတ် လူနာ ၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၉ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၄၆ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၂၅ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ လာရောက် ဆေးကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-