ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ရုံးအဆောက်အဦသစ်ဖွင့်ပွဲ သို့ တက်ရောက်ချီးမြှင့် နေပြည်တော်၊ ဒီဇင်ဘာ - ၄

Friday, December 5, 2025 - 02:00

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေး ဘဏ်ခွဲ) ရုံးအဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြု လုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များ၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ်၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘဏ်များ အသင်း၊ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိဘဏ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ရုံးအဆောက်အဦသစ်နေရာသို့ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ရုံးအဆောက်အဦသစ် ကို ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌ က မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက် အဦသစ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် အခမ်းအနားတက် ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌ က မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက် အဦသစ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းပေးသည်။ ဆက် လက်ပြီး ကော်မရှင်အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ် နှင့် အခမ်းအနားတက် ရောက်လာကြသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြ သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေး ဘဏ်ခွဲ) အဆောက်အဦသစ် အတွင်း လှည့်လည်ကြည့်ရှုကြသည်။

၎င်းနောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို ဆက်လက်ကျင်းပြုလုပ်ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ)၏ သမိုင်းကြောင်းနှင့် အဆောက်အဦ တည်ဆောက်ပြီးစီးမှုအား Video Clip ဖြင့် ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မြန်မာနိုင်ငံတော်ဗဟို ဘဏ် (မန္တလေး ဘဏ်ခွဲ) အဆောက်အဦသစ်နှင့် သက်ဆိုင်သည့် လွှဲပြောင်းမှတ်တမ်း စာအုပ်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ထံသို့ လွှဲပြောင်းပေး အပ်သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌ ထံသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော် ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အဦသစ်ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အဦသစ်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ သည် အခမ်းအနားတက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌသည်  မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက် အဦသစ် တည်ဆောက်ခဲ့မှုမှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြောင်းလဲလာသည့် ခေတ်စနစ်များနှင့်အညီ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ ၏ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် ငွေရေးကြေးရေးကဏ္ဍကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့်ပိုမိုထိရောက်စွာ ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်နိုင်ရေး၊ ဒေသ အသီးသီး၏ ဖွံ့ဖြိုးမှုတွင်ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးမှုကိုပါ တစ်ပါတည်း ဖော်ဆောင် နိုင်ရေးနှင့် နယ်စပ်ဒေသအပါအဝင် ဒေသအသီးသီးတွင် Financial Inclusion ကို ပိုမို ဖော်ဆောင်ရန်နှင့် ကြီးကြပ်ထိန်းကျောင်းမှုကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အရ နိုင်ငံ၏စီးပွားရေးအချက် အချာကျသည့် မန္တလေးမြို့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ)ရုံး အဆောက်အဦသစ်ကို၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယနေ့တွင်ဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ)ရုံးအဆောက်အဦသစ်သည် နိုင်ငံတကာ ဗဟိုဘဏ်အဆင့်မီ အဆောက်အဦအင်္ဂါရပ်များနှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။