နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား
နေပြည်တော်၊ ဒီဇင်ဘာ - ၃
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၇) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီး ချုပ်(ရေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည် ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးများ၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြား စစ်သံရုံးများမှစစ်သံမှူးများ၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင် က ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ် လောင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် ဗိုလ်လောင်းတပ်ခွဲများက နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင် အား အနှေး လျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင် က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၇)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၃၆၂၅၉၊ ဗိုလ်လောင်း မြတ်သီဟ၊ လေ့ကျင့် ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၃၆၂၂၄၊ ဗိုလ်လောင်း ဟိန်းဝေလင်း၊ စာပေထူး ချွန်ဆု(ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်း အမှတ် ၃၆၂၂၅၊ ဗိုလ်လောင်း တင့်အောင်ထူး၊ စာပေထူး ချွန်ဆု(သိပ္ပံ)ရရှိသူ ဗိုလ်လောင်း အမှတ် ၃၆၂၇၀၊ ဗိုလ်လောင်း ဟိန်းထက်နိုင်၊ စာပေထူး ချွန်ဆု(ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၆၂၁၄၊ ဗိုလ်လောင်း ထက်ဝေယံအောင် တို့အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင် က သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။(ရုပ်မြင်သံကြားသတင်း တွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ မိန့်ခွန်းပြောကြားမှုရုပ်သံဖိုင် အပြည့်အစုံအား E-Version စာတန်းထိုး ဖြင့် ဖော်ပြသွားမည်ဖြစ်ပြီး သတင်းစာများတွင် သီးခြားဖော်ပြသွားမည်ဖြစ်ပါသည်။)
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
စစ်ရေးပြ အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် စစ်တက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်း မ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၅ ဦးနှင့် ၎င်းတို့၏ မိဘဆွေမျိုးများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ထူးချွန်ဆုရသူများအနေဖြင့် သင်တန်းတက် ရောက်ရသည့် ၄ နှစ်တာ ကာလတစ်လျှောက်လုံး စာပေကဏ္ဍ၊ လေ့ကျင့်ရေးကဏ္ဍတို့တွင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ခဲ့မှု၊ စည်းကမ်းကောင်းမွန်မှုတို့ကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြခြင်းဖြစ်သဖြင့် ချီးကျူးအသိအမှတ်ပြုကြောင်းနှင့် မိဘဆွေမျိုးများ နှင့် ထပ်တူဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီး တစ်လျှောက်လုံးတွင်လည်း စဉ်ဆက်မပြတ်သည့် ကြိုးစားအားထုတ်မှုများဖြင့် မိမိတို့ ဘဝ တိုးတက်မှုရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုကဲ့သို့ ထူးချွန်ထက်မြတ်သူ များဖြစ်လာစေရေး ငယ်စဉ်ကတည်းက ကျွေးမွေးပြုစုပျိုးထောင်ပေးခဲ့သည့် မိဘများ၏ ကျေးဇူးများ၊ အသိပညာများရရှိစေရေး သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမ များ၏ ကျေးဇူးများကို သိတတ်ရန်နှင့် ကျေးဇူးဆပ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အတူ ဗိုလ် လောင်း သင်တန်းလေးနှစ်တာကာလအတွင်း တပ်မတော်၏ ခေါင်းဆောင်ငယ်များ ဖြစ် လာစေရေး လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် တပ်မတော်နှင့် အမိစစ်တက္ကသိုလ်၏ ကျေးဇူး ကိုလည်းမမေ့ရန်လိုကြောင်း၊ မိဘများ၏စကားကို နားထောင်ခြင်း၊ မိဘကို စိတ်ချမ်းသာ အောင်ထားရှိခြင်း၊ မိမိတတ်နိုင်သရွေ့ ကျွေးမွေး စောင့်ရှောက်ခြင်းတို့သည် မိဘကျေးဇူး ကိုဆပ်ခြင်းပင်ဖြစ်သကဲ့သို့ မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ခြင်း၊ စစ်သားကောင်း တစ် ယောက်ပီသစွာ နေထိုင်ကျင့်ကြံခြင်းအားဖြင့်လည်း နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း။
တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ် ဆက်လက်တက်ရောက်ရမည့် သင်တန်း အဆင့်ဆင့်၌လည်း အမှန်တကယ်တတ်မြောက်အောင် သင်ယူအားထုတ်၍ ဘဝတက် လမ်းတစ်လျှောက် အထောက်အပံ့ကောင်းများရရှိအောင် ဆောင်ရွက်သွားကြရန်လို ကြောင်း၊ ယနေ့ခေတ်သည် နည်းပညာများ စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသည့် အတွက် မိမိတို့ဘဝတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည့် အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ်ဖတ်မှတ်လေ့လာခြင်းဖြင့် ဆက်လက်ဆည်းပူး လေ့လာပြီး နိုင်ငံတော်နှင့် တပ်မတော်က အားထားရပြီး လက်အောက်က အားကိုးရသူ များဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားကြစေလိုကြောင်း။
မိမိတို့အတွက် အကျိုးမဖြစ်စေမည့် အသောက်အစား၊ အပျော်အပါးများကိုလည်း မိမိကိုယ်တိုင်ရှောင်ကြဉ်ကြလိုသကဲ့သို့ မိမိလက်အောက်ငယ်သားများကို ထိန်းသိမ်းကြ ရန်လိုကြောင်း၊ မိမိကိုယ်ကိုတန်ဖိုးထားရန်၊ မိမိလက်အောက်ကို တန်ဖိုးထားရန်နှင့် မဖြစ် သင့်မဖြစ်ထိုက်သည်များကို မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိကိုယ်ကို၊ မိမိအဖွဲ့အစည်းနှင့် နိုင်ငံတော် အပေါ် သစ္စာစောင့်သိ၍ ပေးအပ်သည့်တာဝန် များကို အောင်မြင်ကျေပွန်စွာ ထမ်းဆောင်သွားကြရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်း သည် နိုင်ငံတော်နှင့် တပ်မတော်အကျိုးကို ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။













