ပြည်ထောင်စုသမ္မတနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြင်ဦးလွင်ဒေသ ရေဖူလုံစွာရရှိရေး ဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေးနေပြည်တော်၊ ဒီဇင်ဘာ - ၃

Wednesday, December 3, 2025 - 16:15

ပြည်ထောင်စုသမ္မတနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြင်ဦးလွင်ဒေသ ရေဖူလုံစွာရရှိရေး ဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး

ပြင်ဦးလွင်ဒေသ သောက်သုံးရေဖူလုံစွာရရှိစေရေးအတွက် ဆင်လမ်း(၂)ရေလှောင် တမံစီမံကိန်းနှင့် ပင်တီးရေလှောင်တမံစီမံကိန်းတို့အား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်

နေပြည်တော်၊ ဒီဇင်ဘာ - ၃

          ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင် အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာ သည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်ဒေသရေဖူလုံစွာရရှိရေး သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

          ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်ဆင်လမ်းရေလှောင်တမံသို့ရောက်ရှိကြရာ ရှင်းလင်း ဆောင်၌ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြင်ဦးလွင်မြို့နယ်အတွင်း ရေဖူလုံမှုရရှိရေးအတွက် ဆောင်ရွက်လျက် ရှိမှုနှင့်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း နိုင်ငံတော်အကြီးအကဲလာရောက် စစ်ဆေးစဉ်လမ်းညွှန်ချက်အရ ပြင်ဦးလွင်မြို့၌ သောက် သုံးရေပိုမိုလုံလောက်စွာရရှိရေး ဆင်လမ်းတမံရေပိုလွှဲအား ၂ ပေမြှင့်တင်ခြင်းဆောင်ရွက် ခဲ့မှု၊  စည်သာရေလှောင်တမံရေပိုလွှဲ ၃ ပေမြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု ပြင်ဦးလွင် မြို့သောက်သုံးရေဖူလုံစွာရရှိရေးနှင့်စိုက်ပျိုးရေလုံလောက်စွာရရှိရေးတို့အတွက် ဆင်လမ်း (၂) ရေလှောင် တမံတည်ဆောက်ခြင်း၊ ပွဲကောက်ရေလွှဲဆည်တည်ဆောက်ခြင်းနှင့် ပင်တီးရေလှောင်တမံတည်ဆောက်ခြင်း စသည့်စီမံကိန်းများကို ဆက်လက်ဆောင်ရွက် သွားနိုင်မည့် အခြေအနေများနှင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြ သည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြင်ဦးလွင်မြို့ သောက်သုံးရေဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေလုံလောက်စွာရရှိရေးတို့အတွက် ဆင်လမ်း(၂)ရေလှောင်တမံနှင့် ပင်တီးရေ လှောင်တမံ တည်ဆောက်ခြင်းစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဆင်လမ်း(၂) ရေလှောင်တမံစီမံကိန်းသည် ဆင်ဖြူအင်းကျေးရွာအနီး ဆင်ဖြူချောင်းနေရာ၌ဖြစ်ပြီး စီမံကိန်းတည်ဆောက်ပြီးစီးပါက ခန့်မှန်းရေလှောင်ပမာဏ ၁၂၀၀ ဧကပေကိုသိုလှောင်နိုင်မည်ဖြစ်ကာ ဆင်ဖြူချောင်းမှရေများကို တမံအောက်ဘက် ရှိ ယင်းသာမ ရေလွှဲဆည်မှတစ်ဆင့် ရတနာပုံမြို့သစ်သို့ Gravity Flow System ဖြင့် သောက်သုံးရေပေးဝေနိုင်ခြင်း၊ ရပ်ကွက်ကြီး(၉/၁၆/၁၇/၁၈) များသို့ သောက်သုံးရေ တိုးချဲ့ ပေးဝေနိုင်ခြင်းတို့အပြင် ချောင်းဘေးဝဲယာတစ်လျှောက်ရှိ စိုက်ပျိုးမြေဧရိယာများ အတွက် စိုက်ပျိုးရေကူဖြည့်တင်းပေးနိုင်မည့် အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ကြောင်း၊ ပင်တီး ရေလှောင်တမံတည်ဆောက်ခြင်းစီမံကိန်းသည် ပင်တီးကျေးရွာအနီးသဗြိုက် ချောင်းနေရာ ၌ဖြစ်ပြီး စီမံကိန်းတည်ဆောက်ပြီးစီးပါက ခန့်မှန်းရေလှောင်ပမာဏ ၄၀၀၀ ဧကပေကို သိုလှောင်နိုင်မည်ဖြစ်ကြောင်း၊ သိုလှောင်ရေများအား Gravity Flow System ဖြင့် သဗြိုက်ချောင်း ဘေးဝဲယာ စိုက်ပျိုးမြေဧရိယာ (၁၀၁၅)ဧကများသို့ ရေလွှဲဆည် ၇ ခုမှ တစ်ဆင့် တစ်နှစ်ပတ်လုံးစိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ်သဖြင့် ဒေသဝမ်းစာဖူလုံရေး အတွက်လည်းများစွာ အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် မြို့ပြရပ်ကွက် ကြီး (၁၀/၁၁/၁၂)များသို့လည်း ရေတင်စနစ်ဖြင့် သောက်သုံးရေ တိုးချဲ့ပေးဝေနိုင်မည့် အကျိုးကျေးဇူးများစွာကိုရရှိလာစေမည်ဖြစ်ကြောင်း၊ အဆိုပါ ရေလှောင်တမံစီမံကိန်းနှစ်ခု တည်ဆောက်ပြီးစီးပါက ပြင်ဦးလွင်မြို့ သောက်သုံးရေ ဖူလုံရေးကိုရရှိစေနိုင်မည်ဖြစ်ပြီး အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်မည့် လူဦးရေအတွက်ပါ လုံလောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် မြို့၏ဂုဏ်ဒြပ်ဖြစ်သည့် ပန်းမြို့တော်၊ ကော်ဖီမြို့တော် စသည့်စီမံကိန်းများ အတွက်လည်း များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ပြီး ဒေသအတွင်း ပိုမိုစိမ်းလန်း စိုပြေလာမှုနှင့်အတူ ခရီးသွားလုပ်ငန်းများသည်လည်း များစွာဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကာ ဒေသ၏လူမှုစီးပွားဘဝများသည်လည်း များစွာတိုးတက်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ရေလှောင်တမံများတိုးချဲ့တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် လိုအပ် သည့်ကြိုတင်ပြင်ဆင်မှုများနှင့် တွက်ချက်ခြင်းလုပ်ငန်းများကို စနစ်တကျဖြင့် ဆက် လက်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြား သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဆင်လမ်းရေလှောင်တမံအတွင်း ရေသိုလှောင် ထားရှိမှုနှင့် ရေပိုလွှဲနေရာ၌ အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့် ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ယခုကဲ့သို့ ဆင်လမ်းရေလှောင် တမံ ရေပိုလွှဲ (၂)ပေမြှင့်တင်ခြင်းနှင့် စည်သာရေလှောင်တမံရေပိုလွှဲ(၃) ပေမြှင့်တင်ခြင်း များကို ကာလတိုအတွင်းလျင်မြန်ထိရောက်စွာဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဒေသနှင့် ဒေသခံများ၏ လူမှုအကျိုးစီးပွားကိုများစွာအထောက်အကူဖြစ်စေကြောင်း၊ရေလှောင်တမံ  များ၏ ရေဝေရေလဲ သတ်မှတ်ဧရိယာအကွာအဝေးအတွင်း သစ်တောသစ်ပင်များ ဖုံးလွှမ်း မှုရှိစေရေး၊ သီးနှံများစိုက်ပျိုးမှုမရှိစေရေးတို့အတွက်လည်း စဉ်ဆက်မပြတ် ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ရေအရင်းအမြစ် များကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး ရေဖူလုံမှုကို ပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ဆင်လမ်းရေလှောင်တမံမှ ရပ်ကွက်ကြီး (၁၉)- နမ့်ကပ်ကျေးရွာ-အနီးစခန်း လမ်းကြောင်းအတိုင်း ဒေသဖွံ့ဖြိုးတိုးတက်မှုများကို မော်တော်ယာဉ်များဖြင့် ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြင်ဦးလွင်မြို့ သန့်ရှင်းသာယာလှပနေ စေရေးအတွက် အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် မြေအသုံးချမှုများစနစ် တကျဖြစ်စေရေး စိစစ်‌ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် စည်သာရေလှောင်တမံရေပိုလွှဲရောက်ရှိပြီး ရေပိုလွှဲ (၃)ပေ အမြင့် မြှင့်တင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စည်သာရေလှောင်တမံနှင့် စည်သာရေကူရေ လှောင်တမံသို့ရောက်ရှိကြရာ ရှင်းလင်းဆောင်ခန်းမ၌  သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ၂၀၁၅ ခုနှစ်မှ ၂၀၂၀ အတွင်း ပြင်ဦးလွင်မြို့နယ်တွင် သစ်တောဖုံးလွှမ်းမှုလျော့ကျရခြင်းနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ RS & GIS နည်းပညာအသုံးပြု၍ Google Earth မြေပုံများ၊ Landsat ဂြိုဟ်တုဓာတ်ပုံများဖြင့်စိစစ်ခြင်းတိုအရ ခုနှစ်အလိုက် စိစစ်တွေ့ရှိမှုများ၊ သစ်တောဖုံးလွှမ်းမှု ကျဆင်းသွားသည့်နေရာများအား သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူများသို့ အသိပညာပေး ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ သစ်တောဖုံးလွှမ်းမှုကောင်းမွန်သည့်နေရာများအား ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများဖွဲ့စည်းခြင်းတို့ကို အလေးထား ဆက်လက်ဆောင်ရွက်လျက် ရှိမှု၊ မြေလွတ်မြေရိုင်းဧရိယာနေရာများအား ကွင်းဆင်းစစ်ဆေး၍ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်လျက်ရှိမှုတိုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။

ရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ပြင်ဦးလွင်မြို့တော်အား ချယ်ရီမြို့တော်၊ ပန်းမြို့ တော်ဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထင်းရှုးပင်များကိုလည်း မျက်စိပသာဒ ဖြစ်စေရေးနှင့် စိမ်းလမ်းစိုပြေမှုကို အထောက်အကူဖြစ်စေရေး စိုက်ပျိုးသွားရန်လို ကြောင်း၊ ပြင်ဦးလွင်ဒေသစိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများက မဖြစ်မနေထိန်းသိမ်း ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်မှသာလျင် သဘာဝပတ်ဝန်းကျင်ညီညွတ်မျှတမှုကို ဖြစ်ပေါ် စေမည်ဖြစ်ပြီး ရေအရင်းအမြစ်များကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ပြင်ဦးလွင် မြို့၏ အေးမြသည့် သဘာဝကိုထိန်းသိမ်းနိုင်ရေး မြို့၏မြောက်ဘက်၊ အရှေ့မြောက်ဘက် နှင့် တောင်ဘက်တို့တွင် သစ်ပင်သစ်တောများ စိုက်ပျိုးသွားရန်လိုအပ်ကြောင်း၊ ရွက်ပိတ် တောများ၊ ရွက်အုပ်တောများအတွင်း၌လည်း သစ်တောပညာရပ်များအရ လိုအပ်သည့် ထိန်းသိမ်းစောင့်ရှောက်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း။

မြို့နေလူဦးရေတိုးပွားလာသည်နှင့်အမျှ သောက်သုံးရေနှင့် စိုက်ပျိုးရေ လိုအပ်ချက် များသည်လည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒေသသို့ လာရောက်သည့် ခရီးသွား ဧည့်သည်များ၏ သုံးရေများအတွက်ကိုလည်း ထည့်သွင်း စဉ်းစားထားရှိရန်လိုကြောင်း၊ ပြင်ဦးလွင်ဒေသ ရေဖူလုံစွာရရှိရေးအတွက် ရေလှောင်တမံများအဆင့်မြှင့်တင်ခြင်း၊ သစ် တောသစ်ပင်ဖုံးလွှမ်းမှုဖော်ဆောင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်ကို စံပြအဖြစ်ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိမ်းလန်းစိုပြေရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံရှိ မြစ်ချောင်းအင်းအိုင်များ၊ ရေအရင်းအမြစ်များကို စနစ်တကျ အကျိုးရှိရှိ ထိန်းသိမ်း ဆောင်ရွက်သွားမည်ဆိုပါက စိမ်းလန်းစိုပြေမှုကို မဖြစ်မနေဖော်ဆောင်နိုင်မည်ဖြစ် ကြောင်း၊ ယခုဖော်ဆောင်နေသည့် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ၏ အကျိုးရလာဒ်များ ကို နောင်အနာဂတ်ပြည်သူလူထုက ခံစားရမည်ဖြစ်သဖြင့် စနစ်တကျဖြင့် အကျိုးရှိအောင် ဆောင် ရွက်သွားရန်လိုကြောင်း နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စည်သာရေကူရေလှောင်တမံအတွင်း ရေဝင်ရောက် မှုနှင့် သိုလှောင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

အဆိုပါ ဆင်လမ်းတမံရေပိုလွှဲနှင့် စည်သာရေလှောင်တမံရေပိုလွှဲအား နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၏ လမ်းညွှန် မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆင်လမ်းတမံရေပိုလွှဲအား ၂ ပေ မြှင့်တင်‌ ဆောင် ရွက်ခဲ့ခြင်းကြောင့် ယခင်ကကန်ရေပြည့်ရေလှောင်ပမာဏ ၆၈၄၆ ပေရှိခဲ့ရာမှာ ယခုအခါ ယခင်ကထက်  ရေလှောင်ပမာဏ ၄၁၂ ဧကပေ၊ ရေဂါလန် ၁၁၂ သန်းပိုမိုသိုလှောင်နိုင်ပြီး အချင်း ၁၈ လက်မရှိ သံမဏိရေထုတ်ပြွန်မှတစ်ဆင့် ပြင်ဦးလွင်မြို့ရှိ ဦးရေ ၁၅၀၀၀ ခန့်ကို တိုးချဲ့ရေပေးဝေနိုင်မည် ဖြစ်ကြောင်း၊ အလားတူ စည်သာရေလှောင်တမံရေပို လွှဲအား ၃ ပေ မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုကြောင့် ယခင်ကန်ရေပြည့်ရေလှောင် ပမာဏ ၃၃၇၀ ဧကပေရှိခဲ့ရာမှာ ယခုအခါ ယခင်ကထက် ရေလှောင်ပမာဏ ၂၆၇ ဧက ပေ၊ ရေဂါလန် ၇၂ သန်းခန့် ပိုမိုသိုလှောင်နိုင်မှုကြောင့် လူဦးရေ ၁၀၀၀၀ ခန့်ကို တိုးချဲ့ ရေပေးဝေနိုင်သဖြင့် ပြင်ဦးလွင်ဒေသ ရေလုံလောက်စွာရရှိရေးအတွက် များစွာအကျိုး ကျေးဇူးပြုနိုင်မည်ဖြစ်သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အနီးစခန်းလေဆိပ်သို့ ရောက်ရှိကြရာ လေဆိပ် ရှင်းလင်းဆောင်ခန်းမတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြထွန်းဦးနှင့် တာဝန်ရှိသူများက လေဆိပ်လေယာဉ်ရပ်နားရန်နေရာသစ် တည်ဆောက်ခြင်းလုပ်ငန်းနှင့် လေဆိပ်အဆောက်အအုံတည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေး စနစ်တကျတွက်ချက်၍ ဆောင်ရွက်သွားရန်လို ကြောင်း၊ အနီးစခန်းလေဆိပ်အား အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းသည် ရှမ်းပြည်နယ် အတွင်းသို့လာရောက်သည့် ခရီးသွားပြည်သူများအား အဓိကပို့ဆောင်ပေးသည့် နေရာ ဖြစ်စေရေးနှင့် ပြင်ဦးလွင်မြို့သည် ခရီးသွားမြို့တော်ဖြစ်သည့်အတွက် လာရောက်လည် ပတ်သူများ အဆင်ပြေချောမွေ့စွာဖြင့် ခရီးသွားလာနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း၊ အလားတူ ပြင်ဦးလွင်ဒေသမှထွက်ရှိသည့် ဒေသထွက်ပစ္စည်းများ၊ အသီးအနှံ များအား အခြားဒေသများသို့ ပိုမိုလွယ်ကူလျင်မြန်စွာ ဖြန့်ဝေပို့ဆောင်ပေးနိုင်ရေးအတွက် လည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လေဆိပ်အား အဆင့်မြှင့်တင်ပေး ခြင်းနှင့်အတူ ပြင်ဦးလွင်မြို့ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကားလမ်းများအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းဘေးဝဲယာ၌ လူသွားပလက်ဖောင်းများ ကိုလည်း အဆင့်မီစွာဖြင့် ထည့်သွင်းဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။