တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)မှတပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မော်လမြိုင်ကျွန်းမြို့နယ်၊ရွာသစ်ကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများရှိဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ဒီဇင်ဘာ၃

Wednesday, December 3, 2025 - 16:30

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေ ယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မ‌တော်မှ ပါရဂူ များ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည်  ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်ကျွန်းမြို့နယ်၊ ရွာသစ်ကျေးရွာသို့ ရောက်ရှိရာ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါတပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ရွာသစ်ကျေးရွာ သိရိမင်္ဂလာ မိုးကုတ် ဓမ္မရိပ်သာကျောင်းတိုက်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၁၂၄ ဦး၊ ခွဲစိတ်ရောဂါ ၂၁ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၁ ဦး၊ ကလေးရောဂါ ၃၂ ဦး၊ အရိုးရောဂါ ၄၈ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ  ၂၉ ဦး၊ မျက်စိရောဂါ ၄၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၁ ဦး၊ စုစုပေါင်းဒေသခံပြည်သူ ၃၆၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ၄င်းတို့အနက်    အထွေထွေခွဲစိတ်လူနာ ၁ ဦး၊ သွားနုတ်/သွားဖာ ၁၆ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၂ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေး လူနာ ၂၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၆ ဦး တို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည် -

၁။      ဒေါ်ကျင်မုန်းပါလှိုင်းဘုန်းရွာကလာပြတာပါ။အသက်က(၈၅)နှစ်လည်းဖြစ်ပါပြီကျွန်မ မျက်စိရောဂါလာပြတာပါ။ ရေတိမ် ၊ အတွင်းတိမ်လာပြတာပါ။ ပြီးတော့ ခါးဆစ်တွေနာလို့ လာပြတာပါ ၊ မျက်စိကတော့ ၁၀ နှစ် ၊ ၁၅ နှစ်လောက်ရှိပါပြီ ခါးကတော့ သုံးလေးနှစ် လောက်ရှိပါပြီ ။ ဒီမှာလာတာဆိုလို့ရှိရင် ဒီတစ်ခါဆို နှစ်ခါရှိပါပြီ ဆေးသင်္ဘောလာတာ ကျေး ဇူးတင်ပါတယ်။ လူတွေလည်းအများကြီးကုသပေးပါတယ်။ ကျန်းမာကျပါတယ်၊ ချမ်းသာကျ ပါတယ်။ အိမ်တိုင်ရာရောက်လာကုသပေးတော့ ပိုကောင်းတာပေါ့လေ မေတ္တာနဲ့လာကုသ ပေးကြတာဆိုတော့ ပိုကောင်းတာပေါ့လေ။ ကျေးဇူးအများကြီးလည်းတင်ပါတယ်။ မိလိုဖလို ပေါ့လေ သားသမီးတွေက ပြုစုတဲ့အနေနဲ့ ကျေးဇူးတင်ပါတယ်။

၂။       ကျွန်မနာမည်က ဒေါ်သက်သက်မွန်ဖြစ်ပါတယ်။ ကျွန်မကတော့လိပ်ချောင်းကျေးရွာ ကနေလာတာပါ။ ဒူးခေါင်းနာလို့ ဆေးလာပြတာပါ၊ ထိုင်တာထတာ မကောင်းဘူးပေါ့နော် အဲလိုမျိုး နာကျင်တဲ့ဒဏ်ကိုခံစားရတယ်။ အဲတာကြောင့်မို့လို့လာပြတာ၊ ဒီဆေးကုသတဲ့အဖွဲ့ တွေလာတော့ ပျော်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြဖူးတဲ့လူတွေကလည်း ပြောတယ်၊ တော်တော်လေးကိုကောင်းတယ်တဲ့ ရောဂါသူတို့ ဒူးခေါင်းနာတဲ့အစ်မဆိုလည်း အဲလိုပဲလေ သူလာပြတာ ကောင်းတယ်လို့ပြောတယ်။ ပျောက်လည်းပျောက်တယ်လို့ပြောတယ် ။ အဲတာ ကြောင့်မို့လာပြဖြစ်တာ ပိုပြီးတော့တတ်ကျွမ်းတယ်လို့ထင်တယ်။ပြီးတော့ ဆေးကုသတဲ့ နေရာမှာလည်း သဘောလည်းကောင်းတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်တယ်၊ ပြီးတော့ပြရတဲ့နေရာမှာလည်း အဆင်ပြေပါတယ်၊ တော်တော်လေးကို အဆင်ပြေတယ်။ လာပြီးတော့ ဆေးကုသပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်တယ်။ နောက်လူတွေလည်း ကျွန်မတို့လိုပဲ ကျေးဇူးတင်မယ်၊ပျော်ရွှင်မယ်လို့ထင်ပါတယ်။ နောက်နေ့တွေလည်း လာပြ မယ့်သူတွေအများကြီးရှိပါသေးတယ်။