တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ကိုကိုးကျွန်းမြို့နယ်အခြေခံပညာအထက်တန်းကျောင်း၌  ကျောင်းကျန်းမာရေးပညာပေးဟောပြော၊ ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ခုနှစ်၊   ဒီဇင်ဘာ ၃ ရက်

Wednesday, December 3, 2025 - 16:30

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်း မြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ကိုကိုးကျွန်းမြို့ သို့ရောက်ရှိရာ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ကျောင်းသား၊ကျောင်းသူများက သောင်းသောင်းဖျဖျကြိုဆိုကြသည်။

မွန်းလွဲပိုင်းတွင် ကိုကိုးကျွန်းမြို့အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ မှ သွားနှင့်ခံတွင်းပါရဂူက “သွားပိုးစားရောဂါ”  အကြောင်းကိုလည်းကောင်း၊ ကလေးရောဂါ ကုပါရဂူက “တစ်သက်တာ ကျန်းမာရေး ၊တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည်များ” ကိုလည်းကောင်း အဆိုပါကျောင်း၌ ဟောပြောဆွေးနွေးကြသည်။

ထို့နောက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ တာဝန်ရှိသူများက ကိုကိုးကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများအတွက် သံချဆေးနှင့်အားဆေးများ၊ သွားတိုက်ဆေးများကိုပေးအပ်ကြပြီး တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့က ကျောင်းသား ကျောင်းသူ (၂၃၆)ဦးအား ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးကြသည်။

ထိုသို့ ကျန်းမာရေးအသိပညာပေးဟောပြောဆွေးနွေးပေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများအပေါ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။      အခုလိုမျိုး ကျွန်မတို့ကျောင်းကို ဟောပြောပွဲလာရောက်ပြီးတော့ လုပ်ဆောင်ပေးတဲ့ အတွက် အများကြီးလည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျောင်းသားကျောင်းသူတွေအတွက် ရော ဆရာ၊ဆရာမတွေအတွက်ရော အများကြီးအသိပညာတွေရရှိတယ်ပေါ့နော် ။ ပြီးတော့ ကလေးတွေအတွက်လည်း သွားတိုက်တာနဲ့ပတ်သက်ပြီးတော့လည်း သွားကိုသူတို့စနစ် တကျဘယ်လိုမျိုးတိုက်ရမလဲဆိုတာကိုလည်း သိရှိသွားတယ်။ ပြီးတော့ အစားအုပ်စု သုံးစုနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ဘယ်လိုလေးတွေနေထိုင်စားသောက်ရမလဲဆိုတာကို သိရှိ သွားတယ်ပေါ့နော် ။ အဲ့အတွက်ကြောင့်မို့လို့လည်း ကျေးဇူးတင်ပါတယ်။ အခုလိုမျိုးကျွန်မတို့ စီကိုလည်း နှစ်စဉ်နှစ်တိုင်းပဲဖြစ်ဖြစ် လာရောက်ပြီးတော့ အမြဲတမ်းဟောပြောပေးရင်တော့ အများကြီးကျေးဇူးတင် ဂုဏ်ယူမိမှာပါရှင့်။

၂။       ရှေ့ကဘဘကြီးတစ်ယောက်ပြောသွားတာတော့ သွားကို စနစ်တကျတိုက်ရမယ်။ ပြီး တော့ တစ်ကိုယ်ရည်သန့်ရှင်းမှုလည်း ရှိရမယ် ။ နောက်တစ်ယောက်ပြောသွားတာကတော့ ကျွန်တော်တို့အစာအုပ်စု သုံးစုလည်းပါဝင်အောင်စားရမယ်။ အသားငါးအုပ်စုပါရမယ်။ အသီး အရွက်အုပ်စုပါရမယ်။ ပြီးရင်ပဲမျိုးစုံလည်း စားရမယ်လို့ပြောပါတယ်။ ကျွန်တော်တို့ကျောင်း ကို အခုလိုမျိုးလုပ်ပေးတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်၊ ဝမ်းလည်းသာရပါတယ်။ ကျွန် တော်တို့ကျောင်းသူကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေအကုန်လုံးလည်း အသိပညာတွေ ရရှိလိုက်ပါတယ်။ နောင်လည်းဒီလိုအခွင့်အရေးမျိုးတွေရှိရင် လာလုပ်ပေးပါ၊ ကျောင်းအ တွက်လည်း အကျိုးပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။