တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) မှ နယ်လှည့် ဆေးကုသရေးအဖွဲ့သည် လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၂ ရက်
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေ ယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူ များ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့ တွင် လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာရှိ သာသနာ့ဇေယျုံကျောင်းတိုက်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၅၆၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၂၄၁ ဦး၊ ခွဲစိတ်ရောဂါ ၃၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၄၀ ဦး၊ ကလေးရောဂါ ၂၉ ဦး၊ အရိုးရောဂါ ၉၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၅ ဦး၊ မျက်စိရောဂါ ၄၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၆ ဦး၊ စုစုပေါင်းဒေသခံပြည်သူ ၅၆၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ၄င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၉ ဦး၊ မျက်စိခွဲစိတ်ကုသလူနာ ၅ဦး၊ သွားနုတ်/သွားဖာ ၁၉ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၉ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေး လူနာ ၂၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၉ ဦး တို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အဆိုပါကျောင်းတိုက်၌ ဖွင့်လှစ်ထားသော လူငယ်ဖွံ့ဖြိုး ရေးပရဟိတဂေဟာမှ ကျောင်းသား၊ ကျောင်းသူများအား သွားနှင့်ခံတွင်းရောဂါအ ကြောင်း သိကောင်းစရာအသိပညာပေး ဟောပြောဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည် -
ရွှေပုဇွန်ဆေးကုအင်တာဗျူး(၂-၁၂-၂၀၂၅)
ကျွန်တော့်နာမည်က ဦးတင်ဆန်းဖြစ်ပါတယ်၊ ကျွန်တော်က ဘီတွတ်ရွာမမှာပဲနေတာ နံရိုးနာကျင်ကိုက်ခဲမှုရယ် ၊ မျက်လုံးရယ်လာပြတာပါ။ အဆင်ပြေပါတယ်၊ တိုက်ရိုက်လာလုပ် တဲ့အတွက် စရိတ်ကအစ သက်သာတာရယ်၊ ကျန်းမာရေးဝန်ဆောင်မှုတွေကောင်းမွန်တာ ကြောင့် အများကြီးဝမ်းသာပါတယ်။ သွားပြရမယ်ဆိုရင် ခရီးစရိတ် ၊ စားစရိတ် ၊ သွားစရိတ် တွေကအများကြီး အခက်အခဲရှိတယ်။လူမျိုးလည်းမခွဲခြားဘူး၊လူတန်းစားလည်း မခွဲခြားဘူး ကုသရတဲ့နေရာကလည်းကျယ်ဝန်းတယ်။ ဧည့်ခံကြိုဆိုမှုနဲ့ ဆရာဝန်ကြီးတွေရဲ့ နွေးထွေးစွာ စောင့်ရှောက်မှုတို့ကြောင့် အားလုံးလူတွေကလာကြတာ၊ ဦးစီးလုပ်ဆောင်ပေးကြတဲ့ ဒီက နယ်လှည့်ဆေးကုသရေးအဖွဲ့တွေ ဆရာဝန်ကြီးတွေအားလုံးကို ကျွန်တော်တို့ ကျေးရွာသူ / ကျေးရွာသားများကိုယ်စား ကျွန်တော်ကအများကြီး ကျေးဇူးတင်ပါတယ်။


