နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ “ဂုဏ်ထူးဆောင် ပါမောက္ခ”ဘွဲ့ ပေးအပ်ချီးမြှင့် နေပြည်တော် ဇွန် - ၂၄

Thursday, June 24, 2021 - 13:00

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ “ဂုဏ်ထူးဆောင် ပါမောက္ခ”ဘွဲ့ ပေးအပ်ချီးမြှင့်

နေပြည်တော် ဇွန် - ၂၄

(၉)ကြိမ်မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021))သို့ ပါဝင်တက်ရောက်ခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ “ဂုဏ်ထူး ဆောင်ပါမောက္ခ”ဘွဲ့ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဇွန် ၂၃ ရက် ဒေသ စံတော်ချိန် ညနေပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် အခမ်းအနားပြုလုပ်မည့် အဆိုပါ စစ်တက္ကသိုလ်သို့ ရောက်ရှိကြရာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြပြီး စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးက ကျောင်းမှနည်းပြများနှင့် မိတ်ဆက်ပေး သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် စစ် တက္ကသိုလ်စာကြည့်တိုက်ကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်း လင်းပြသသည်။ 

ယင်းနောက် စစ်တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အီဂေါမီ ရှုသ်ကင် (Lieutenant General Lgor Mishutkin)က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးတိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်မှု၊ စစ်ဘက် နည်း ပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းဆောင်ရွက်မှု၊ ပညာတော်သင် သင်တန်း သားများကို စေလွှတ်ခြင်းဖြင့် နှစ်နိုင်ငံ တပ်မတော်နှင့် အစိုးရနှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ခိုင်မာအောင် စွမ်းဆောင်နိုင်မှုတို့ကြောင့် စစ်တက္ကသိုလ် မှ ဘုတ်အဖွဲ့များ၏ ဆုံးဖြတ်ချက်အရ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ပေးအပ်ချီးမြှင့်ရ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ကြီးက  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ်(Military University of Defence Ministry)၏ “ဂုဏ်ထူးဆောင် ပါမောက္ခ”ဘွဲ့ (Honorary Professor of the Russian Military University) အဆောင်အယောင်များဖြစ်ကြသည့် ဘွဲ့ဝတ်ရုံ၊ ခေါင်းဆောင်း၊ ဘွဲ့တံဆိပ်၊ ဘွဲ့လက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူ သည်။ ထို့ပြင် စစ်တက္ကသိုလ်၏ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ရင်ထိုးတံဆိပ်ကိုလည်း ဂုဏ်ပြုတပ်ဆင်ပေးသည်။  ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်နေစဉ်အတွင်း အဆိုပါ စစ်တက္က သိုလ်မှ ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော် သီချင်းကို ဂုဏ်ပြုတီးမှုတ်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယခုကဲ့သို့ “ဂုဏ်ထူးဆောင် ပါမောက္ခ” ပေးအပ်ချီးမြှင့်ခြင်းခံရသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ကျေးဇူးတင်စကားပြောကြားရာတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၏ သမိုင်းကြောင်းကောင်းမွန်လှသည့် ယခုစစ်တက္ကသိုလ်မှ ချီးမြှင့် သည့် ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကို လက်ခံရရှိခဲ့သည့်အတွက် အထူးပင် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ဂုဏ်ထူးဆောင်ပါမောက္ခ၏ ဂုဏ်ဒြပ်နှင့်အညီ ရုရှား-မြန်မာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၊ နှစ်နိုင်ငံ စစ်ဘက်-အရပ်ဘက် လူမှုအဖွဲ့အစည်းအတွက် အကျိုးရှိစေမည့်ကိစ္စရပ်များ၊ ယဉ်ကျေးမှု၊ စစ်ဘက် နည်း ပညာနှင့် သိပ္ပံနည်းပညာရပ် ဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ ဆက်လက်ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နယ် ပယ်ပေါင်းစုံတွင် ဆက်ဆံရေးတိုးမြှင့်ခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာ့တပ်မတော်မှ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာ တက္က သိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း (ဗထူး)၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)နှင့် တပ်မတော်သူနာပြု နှင့် ဆေးဘက်ပညာတက္ကသိုလ်တို့မှ သင်တန်းဆင်းထူးချွန်ဆုရ အရာရှိများနှင့် မိတ်ဆက်ပေးသည်။ ယင်းနောက် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးက နှုတ်ဆက်စကား ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဉီးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျောင်းပြတိုက်အား လှည့်လည်ကြည့်ရှု လေ့လာကြပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ယင်း နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးအား နိုင်ငံတကာကပေးအပ် ထားသော လက်ဆောင်များ ပြခန်းကို ကြည့်ရှုလေ့လာကြပြီး နှစ်နိုင်ငံ အထိမ်းအမှတ် တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

အဆိုပါ မော်စကိုမြို့တွင် ဖွင့်လှစ်ထားရှိသည့် စစ်ဘက်ဆိုင်ရာတက္ကသိုလ် (Military University of Defence Ministry) သည် ရုရှားနိုင်ငံ၏ ရှေးအကျဆုံး တက္ကသိုလ်များအနက် တစ်ခုဖြစ်ပြီး ၁၉၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် သင်တန်းကျောင်းအနေဖြင့် ဖွင့်လှစ်ခဲ့ရာမှ ၁၉၇၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်တွင် စစ်ဘက်ဆိုင်ရာ ကောလိပ်တစ်ခုအဖြစ် ပြောင်းလဲခဲ့ကြောင်း၊ ထို့နောက် ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ယခုကဲ့သို့ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်အဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ တက္ကသိုလ်တွင် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ပညာရပ် များ၊ သိပ္ပံပညာရပ်များ၊ စီးပွားရေးဆိုင်ရာ ပညာရပ်များနှင့် တရားဥပဒေရေးရာ ပညာ ရပ်များကို သက်ဆိုင်ရာ နှစ်အလိုက် သင်ကြားပေးလျက်ရှိကြောင်း၊ ထို့ပြင် Vladimir Lenin စစ်ဘက်ဆိုင်ရာနိုင်ငံရေးသင်တန်းကျောင်း၊ နိုင်ငံခြားဘာသာစကားဆိုင်ရာ စစ်ဘက် သင်တန်းကျောင်း၊ ဥပဒေရေးရာစစ်ဘက်သင်တန်းကျောင်း၊ ဘဏ္ဍာရေး ဆိုင်ရာ စစ်ဘက်သင်တန်းကျောင်း၊ Lviv စစ်ဘက်ဆိုင်ရာနိုင်ငံရေး သင်တန်းကျောင်း နှင့် မော်စကို မှန်လုံအိမ်စိုက်ပျိုးရေးနည်းပညာဆိုင်ရာ စစ်ဘက်သင်တန်းကျောင်းများ ကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းနှင့် တက္ကသိုလ်မှ မွေးထုတ်ပေး လိုက်သည့် ကျောင်းဆင်းဗိုလ်လောင်းများသည် ရုရှားတပ်မတော်၏ တပ်ဖွဲ့ အသီးသီး တွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။