တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ငပုတောမြို့ရှိ ဒေသခံပြည်သူ ၆၅၂ဦး အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာ ၂၇

Thursday, November 27, 2025 - 16:15

တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့သို့ ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် ငပုတောမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်းအတွင်း အခြေပြု၍ ဒေသခံ ပြည်သူ ၆၅၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၄၀ ဦး၊ ခွဲစိတ်ရောဂါ ၈၁ ဦး၊ သားဖွားမီးယပ်ရောဂါ ၁၈ ဦး၊ ကလေးရောဂါ ၂၃ ဦး၊ အရိုးရောဂါ ၁၀၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၅ ဦး၊ မျက်စိရောဂါ ၇၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၈၀ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက်   အထွေထွေခွဲစိတ်လူနာ ၉ ဦး၊ မျက်စိခွဲစိတ်လူနာ ၉ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၆ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ငပုတောမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား "အစားအစာ နှင့်အာဟာရ" ခေါင်းစဉ်ဖြင့် ကျောင်း ကျန်းမာရေးအသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

အဆိုပါ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီး ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ များအားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေခြင်းဖြစ်ပြီး ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူ များက လိုက်လံ ကြည့်ရှုအားပေးကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)ပေါ်တွင် ခွဲစိတ်ကုသမှုခံယူကြမည့် ဒေသခံပြည်သူများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊ တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)ပေါ်တွင် လိုက်ပါတာဝန်ထမ်းဆောင် ကြသည့် အရာရှိ၊ စစ်သည်များအတွက် ချီးမြှင့်ငွေများကို လည်းကောင်းပေးအပ်သည်။

          ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိခဲ့ရပါတယ် -

၁။ အခု မောတောတောဖြစ်ပြီးတော့ ကျပ်တတ်တတ်နဲ့ရွှီရွှီအော်နေလို့ အဲဒါလာပြတာပါ။ ဆရာဝန်ကလည်းကောင်းပါတယ်တဲ့။ လိုတဲ့ဟာကို အကုန်အားလုံးပြောတယ်။ ကျန်းမာရေး အနေနဲ့အငန်ကိုတော့ ရှောင်ပါတဲ့ ကျန်တာကိုတော့ဘာမှမဖြစ်ဘူး။ အထူးကုလာပြတဲ့အတွက် အကုန်လုံးကျေးဇူးတင်ပါတယ်။ ရွာမှာလည်း ဆရာမတွေကို တစ်ဆင့်တစ်ဆင့်လက်ဆင့်ကမ်း ပြီး ပြောပြတယ်။ အခုလိုလာပြီးတော့ အထူးကုတဲ့ ဆရာဝန်၊ဆရာမတွေကအစ ရတနာစိန် ကျောက်ဖြိုးလို့မောက်သလို ၉၆ပါးကင်းစင်ပြီး အန္တရာယ်ကင်းဘေးဒုက္ခမကြုံရဘဲ အသက် တစ်ရာကျော်မက ရှည်ကြပြီး ၊ မပျက်ဒါန သီလဘာဝနာပွားပြီးလျှင် ဒီနေ့ ဒီရက် ဒီအချိန်ကစပြီး ကုသပေးတဲ့ လူငယ်မှန်သမျှ ဘေးမျိုးစုံကင်းစင်လွင့်ပျောက်ကြပါစေ။

၂။ ကျန်းမာရေးအခြေအနေက ကျွန်တော့်မျက်လုံးခွဲမယ်ခင်ဗျ။ နောက်ပြီး လည်ပင်းမှာရှိတဲ့ အကျိတ်လည်း ခွဲမယ်ခင်ဗျ။ မျက်လုံးနဲ့ အကျိတ်နဲ့ဆိုလို့ရှိရင် ဒီအကျိတ်က တော်တော်နာနေ တယ်။ ဒီရက်ထဲမှာ ဒီတစ်လနှစ်လအတော်အတွင်းမှာ နာတယ်။ မျက်လုံးကတော့ ဒီညာဖက် မျက်လုံးပဲမြင်တယ်။ ဘယ်ဖက်မျက်လုံးကတော့ ဝေနေတယ် မမြင်ရဘူး။ ပြတာတော့ အင်မ တန်ကောင်းပါတယ်။ စိတ်လည်း ချမ်းသာတယ်။ Very Good  တအားကြီးကောင်းတယ်။ ဆက် ဆံရေးလည်းကောင်း၊ အစစအရာရာ လိုလေးသေးမရှိ ပျူပျူငှာငှာ ဆက်ဆံပါတယ်။ အခုမျက် လုံးကို ဒီနေ့ ခွဲမယ်ဆိုလို့ရှိရင် သင်္ဘောပေါ်မှာ ခွဲပေးမယ်တဲ့။ အကျိတ်ကိုတော့ အခုခဏစောင့်ပါ တဲ့။ တော်ကြာလို့ရှိရင် အဖြေလာပေးပါမယ်လို့ ပြောပါတယ်ခင်ဗျ။ ခဏတော့ စောင့်ခိုင်းပါတယ်။  ကျွန်တော်လည်း အားကိုးပါတယ်။ စောင့်မှာပါ။ အဘအနေနဲ့တော့ တအားကြီးကျေးဇူးတင်ပါ တယ်။ ရပ်ဝေးရပ်နီး အဝေးကနေပြီးတော့ ကျွန်တော်တို့ဒေသကို အခုလိုလာပြီး ကူညီပံ့ပိုးပေး တဲ့ ပြည်သူအားလုံးနဲ့ကျွန်တော်တို့က ကျေးဇူးလည်း တင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ပီတိလည်း ဖြစ်ပါတယ်။

၃။ လက်တွေက ထုံတယ်။ ကျဉ်တယ်။ ခြေထောက်တွေက လမ်းသွားလို့ရှိရင်လေ အောင့်တယ်။ အဲဒါကြောင့်လာပြတာပါ။ ဖြစ်တာတော့ကြာပြီ။ မနှစ်တုန်းကလာတုန်းက အမျိုးသားက ဆေး ရုံတက်နေတော့ မပြဖြစ်ဘူး။ အခုမှလာပြတာ။ သူများတွေက ရွာထဲမှာ ဆရာတွေလာတယ်တဲ့။ အဲဒါသွားပြချင်ရင် ပြလို့ရတာပေါ့။ အဲဒါနဲ့ ပဲ လာလိုက်တာပါ။ အကြောတွေအားနည်းနေတယ်  ဆိုပြီးတော့ အစားကို များများစားပေးပေါ့နော်။ ဆေးလည်း ထိုးပေးလိုက်တယ်။ အဖွဲ့သားတွေ အားလုံးလာရောက်ပြီးတော့ ကုသပေးတဲ့အတွက်ပေါ့နော် ကျေးဇူးလည်း တင်ပါတယ်။ နောက် ကိုလည်းလာရောက်ပြီးတော့ ကုသပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။